ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်အဖွဲ့မှ ပုဏ္ဏားကျွန်းမြို့နယ်ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်အဖွဲ့မှ ပုဏ္ဏားကျွန်းမြို့နယ်ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်း






MNP ၊ မေ  ၂၄

   ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်အဖွဲ့သည်  ယနေ့၊ နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့သွားရောက်၍ ဆွမ်းဆန်တော်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြသည်။


   ရှေးဦးစွာ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သည် မြို့မပရိယတ္တိ ဘုန်းတော်ကြီးကျောင်း တိုက်ဆရာတော်ကြီးထံမှ ဩဝါဒခံယူပြီး၊ ပုဏ္ဏားကျွန်းမြို့နယ်အတွက် နိုင်ငံတော်အစိုးရထံမှ ထောက်ပံ့လှူဒါန်းငွေနှင့်မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့မှ ဆွမ်းဆန်တော်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းပေးခဲ့သည်။


ထိုသို့ဆက်ကပ်လှူဒါန်းပေးရာတွင်  ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း (၁၉၈)ကျောင်းနှင့်သာသနာ့နွယ်ဝင်သီလရှင်ကျောင်း(၂)ကျောင်းသို့ နိုင်ငံတော်အစိုးရထံမှ ထောက်ပံ့လှူဒါန်းငွေကျပ်သိန်း(၁၀၀)အား တစ်ကျောင်းလျှင် ငွေကျပ်ငါးသောင်းနှုန်းဖြင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့က လှူဒါန်းသည့်  ဆွမ်းဆန်တော်(၁) အိတ်၊ စားဆီသန့်(၁)ဖာနှင့်ခေါက်ဆွဲခြောက်များအား မြို့မပရိယတ္တိဘုန်းတော်ကြီးကျောင်းတိုက်၊  ရွှေတောင်တန်းကျောင်းတိုက်၊ ပညာပါရမီကျောင်း တိုက်၊ ခေမာရမကျောင်းနှင့် မြို့ဦး ကျောင်းတိုက်များသို့ သွားရောက်၍ ဖူးမျှော်ကြည်ညိုကာ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)