MNP ၊ မေ ၂၄
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ ရန်ကုန်-စစ်တွေကားလမ်းရှိ စမြုံတော်ဓာတ်နှင့်ဂူဝ ဘုရားအနီးပတ်ဝန်းကျင်း၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုလဲသွားသည့် သစ်ပင်ကြီးများ အား ခုတ်ထွင်းရှင်းလင်းခြင်းကို ယနေ့၊ နံနက်(၇)နာရီက နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သည့် အဖွဲ့သည် ဂူဝဘုရားရင်ပြင်အနီးတစ်ဝိုက်နှင့် စမြုံတော်ဓာတ်စေတီတက်လမ်းတစ်လျှောက်တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ကျိုးကျ ပြိုလဲသွားသည့် သစ်ပင်ကြီးများ၊ လမ်းပိတ်ဆို့နေ့သည့် သစ်ပင် သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း ဖယ်ရှားပေးခြင်း၊ အမှိုက်သရိုက်များအား သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် စုပုံနေသည့် အမှိုက်ပုံများ ရှင်းလင်းဆောင်ရွက်နေသည့် နေရာများသို့ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်အဖွဲ့ လာရောက်လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment