ကျိုက်ထိုမြို့နယ်တွင် ကျောင်းအပ်နှံနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လိုက်လံကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် ကျောင်းအပ်နှံနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လိုက်လံကြည့်ရှုအားပေး






MNP ၊ မေ  ၂၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး လုပ်ငန်းများ စတင်နေပြီဖြစ်ရာ ကျောင်းသားကျောင်းသူများအား မိဘအုပ်ထိန်းသူများက ကျောင်းလာရောက်အပ်နှံ နေမှုကို မေ(၂၄)ရက် နံနက်ပိုင်းက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။


ကျိုက်ထို မြို့နယ်အတွင်း လာရောက်ကျောင်းအပ်နှံကြသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များ က  KG တန်းမှ Grade 12 အထိ စနစ်တကျ ကျောင်းအပ်လက်ခံပေးနေမှုနှင့် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသုံး ပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံတို့ ထောက်ပံ့ပေးနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။


ကျိုက်ထိုမြို့နယ်အတွင်း အခြေခံပညာကျောင်း(၁၅၈)ကျောင်းရှိ‌ သော်လည်းနယ်မြေဒေသအရ(၁၃၁)ကျောင်းဖွင့်လှစ်လက်ခံလျက်ရှိရာ မေ(၂၃)ရက်နေ့တွင်မူလတန်းအဆင့်(၂၉၀၅)ဦး၊အလယ်တန်းအဆင့်(၄၁၇)ဦး၊အထက်တန်းအဆင့်

(၈၁)ဦး လာရောက်အပ်နှံကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)