ဂွမြို့နယ်၌ " ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲ" စာအုပ်ဖြင့် ဝန်ထမ်းများ စာဖတ်ဝိုင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်၌ " ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲ" စာအုပ်ဖြင့် ဝန်ထမ်းများ စာဖတ်ဝိုင်း ဆောင်ရွက်






MNP ၊ မေ  ၂၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့၊ ညနေပိုင်းက ဆောင်ရွက်ခဲ့သည်။


ဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် စာရင်းစစ်ဆေးရာတွင် တွေ့ရှိနိုင်သည့် နိုင်ငံတော်ပြန်သွင်းငွေ ဖြစ်ပေါ်မှု၊ ငွေကြေးပမာဏ ကြီးမားခြင်းနှင့် မသမာမှု၊ အလွဲသုံးမှု၊ ဘဏ္ဍာရေး  စည်းမျဥ်း၊ ဝန်ထမ်းစည်းမျဉ်း၊ ဌာန၏မူဝါဒလုပ်ထုံးလုပ်နည်း လွဲချော်ခြင်းများ၊ ပြုပြင်ရန်လိုအပ်ဆဲကိစ္စများ စသည့်ဆောင်ရွက်ရန် ပြီးပြတ်မှုမရှိသေးသည့် အချက်များအား သိရှိဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ " ငွေစာရင်းထိန်းသိမ်းနည်း လက်စွဲ" စာအုပ်ဖြင့် ဝန်ထမ်းများ စာဖတ်ဝိုင်းကို ဆွေးနွေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်နှင့်ဝန်ထမ်းက  "ငွေစာရင်းထိန်းသိမ်းနည်း လက်စွဲ" စာအုပ်မှ စာရင်းစစ်ဆေးရာတွင် တွေ့ရှိရသည့် စစ်ဆေးတွေ့ရှိချက်များ ဆောင်ရွက်ခြင်း ကိစ္စရပ်များနှင့် ပတ်သက် ၍ တစ်ဦးချင်း ဖတ်ကြားဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများမှ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment