ပေါင်မြို့နယ်၌အိုမီခရွန်မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌အိုမီခရွန်မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်


MNP ၊ မေ  ၂၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင်အိုမီခရွန်မျိုးဗီဇပြောင်း ကိုဗစ်-၁၉  ရောဂါပိုး  ကြိုတင်ကာကွယ် သတိပြုနိုင်ကြစေရန် အတွက် အသိပညာပေး နှိုးဆော်ကြေညာခြင်း ကို ပေါင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက  ယနေ့နံနက်ပိုင်း က  Hand  Speakerဖြင့်မြို့ပေါ်ရပ်ကွက်များအတွင်းအသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ပြည်သူများ  အနေဖြင့်ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုနှုန်းလျော့နည်း ကျဆင်းမှုရှိပြီးအခြားနိုင်ငံများတွင်ထပ်မံတွေ့ရှိသည့် မျိုးဗီဇပြောင်း ရောဂါပိုး ကူးစက်ပြန့်ပွါးမှုကိုကြိုတင် ကာကွယ်နိုင်ရန် အတွက် ပြည်သူများ အနေဖြင့်ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့်  ကာကွယ်ရေးနည်းလမ်းများနှင့်အညီ နေထိုင်ကြရန်နှင့်ကာကွယ်ဆေးများကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်လွှမ်းခြုံနိုင်မှုအပြည့်အဝရရှိစေရန်၊ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာပြည်သူများအနေဖြင့်မပျက်မကွက်  အကြိမ်ရေပြည့်ဝစွာထိုးနှံပေးကြပါရန်အသိပညာပေးနှိုးဆော်ခြင်းကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)