ပုဇွန်တောင်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံမှုစတင်လက်ခံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဇွန်တောင်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံမှုစတင်လက်ခံ


MNP ၊ မေ  ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်  ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးရည်ရွယ်၍ "ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးစေဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ်လက်ခံဆောင်ရွက်လျက်ရှိသည်။


အဆိုပါကျောင်းအပ်နှံရေးနေ့ကို မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားပြီး မူလတန်း ကျောင်းသား/ကျောင်းသူများအတွက် ဖတ်စာအုပ်(၁)စုံ၊ ကျောင်းသုံးဗလာစာအုပ်(၁)ဒါဇင်၊ ခဲတံ(၄)ချောင်း၊ ကျောင်းဝတ်စုံ(၁)စုံနှင့် အလယ်တန်းကျောင်းသား/ကျောင်းသူများအတွက် ဖတ် စာအုပ်(၁)စုံ၊ ကျောင်းသုံးဗလာစာအုပ်(၁)ဒါဇင်၊ ခဲတံ(၂)ချောင်းကို အခမဲ့ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ကျောင်းအပ်လက်ခံခြင်းကို အသက်(၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း (KG)တွင်အပ်နှံ၍ (၆)နှစ်အရွယ်ကလေးများကို ပထမတန်း(Grade-1)သို့ အပ်နှံရမည်ဖြစ်ပြီး ကျောင်းအပ်ရာတွင် မည်သည့်အခကြေးငွေမျှ ပေးသွင်းရန်မလိုဘဲ ကျောင်းသားကျောင်းသူများကို ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့်စာရေးကိရိယာများကို အခမဲ့ထုတ်ပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်ခင်ခင်စန်းထံမှ သိရှိရသည်။


ယင်းသို့ ကျောင်းအပ်နှံမှုများကို မြို့နယ်ပညာရေးမှူးရုံး ဒေါ်ခင်ခင်စန်းမှ လိုက်လံကြည့်ရှုအားပေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး  ပုဇွန်တောင်မြို့နယ်အတွင်းရှိ အခြေခံပညာ ထက်၊ လယ်၊ မူကျောင်း(၁၆)ကျောင်းကို ဇွန်လ ၁ ရက်နေ့မှစတင်ကာ  ဖွင့်လှစ်၍ ကျောင်းသင်ခန်းစာ များ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ဟန်စုယဉ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)