MNP ၊ မေ ၂၄
ရခိုင်ပြည်နယ် ၊ ရမ်းဗြဲမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက်ရောက်ရှိနေသော ဗိုလ်မှူးချုပ်ဇော်မင်းအေးနှင့်တာဝန်ရှိ သူများတို့သည် ယနေ့ နံနက်(၉)နာရီအချိန်က ရမ်းဗြဲမြို့တောင်ကျောင်းဘုန်းတော်ကြီးကျောင်းနှင့် ဗဟန္တောင်ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး မုန်တိုင်းလွန်ကာလ သံဃာတော်များ ဆွမ်းအခက်အခဲ မဖြစ်ပေါ်စေရေးအတွက် ဆွမ်းဆန် ၊ ဆီနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြသည်။
ဆက်လက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရမ္မာဝတီခန်းမ၌ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့်ရမ်းဗြဲမြို့နယ်အတွင်း ပညာရေးဌာနရှိ စာသင်ကျောင်း မျက်နှာကျက်နှင့် အုတ်နံရံ ပျက်စီးမှုများ ၊ သာသနိက အဆောက်အဦများ အမိုးလန် ပျက်စီးမှုများအား ပြန်လည်ထူထောင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်ဗိုလ်မှူးချုပ်ဇော်မင်းအေးမှ မိမိအစီအစဉ်ဖြင့် သွပ်များ ၊ မျက်နှာကျက် ကျောက်ပြားများနှင့် ထောက်ပံ့အလှူငွေသိန်း(၅၀၀၀၀၀၀/-)ကျပ်တိတိအား ပေးအပ်လှူဒါန်းရာ မြို့နယ်သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် ဗိုလ်မှူးချုပ်ဇော်မင်းအေးနှင့် တာဝန်ရှိသူများသည် ရမ်းဗြဲမြို့အမှတ်(၂)ရပ်ကွက်ရှိ အမက-ရွှေတုံးစာသင်ကျောင်း ၊ အမှတ်(၅) ရပ်ကွက်ရှိ အမက- လောင်းချောင်းစာသင်ကျောင်း ၊ အထက(၁) ကျောင်းများတွင် ၊(၂၀၂၃-၂၀၂၄) ပညာသင်နှစ် ၊ ကျောင်းသား/သူများအား ကျောင်းအပ်နှံနေမှုကို ကြည့်ရှုပြီး ၊ ဆရာ/မများနှင့်ကျောင်းသားမိဘများအား အားပေးစကားပြောကြားကာ မြို့ပေါ်ရပ်ကွက်ရှိ စာသင်ကျောင်း(၇) ကျောင်းသို့ ၊(၁)ကျောင်းလျှင် ငွေ(၅၀၀၀၀/-)ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေ(၃၅၀၀၀၀/-) ကျပ်ကို ဗိုလ်မှူးချုပ်ဇော်မင်းအေးကမိမိအစီအစဉ်ဖြင့် အာဟာရ ထောက်ပံ့ငွေများအား လှူဒါန်းခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment