ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့၊ ပုဏ္ဏားကျွန်းမြို့၌ မုန်တိုင်းသင့်ပြည်သူများအား စာနပ်ရိက္ခာနှင့်ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့၊ ပုဏ္ဏားကျွန်းမြို့၌ မုန်တိုင်းသင့်ပြည်သူများအား စာနပ်ရိက္ခာနှင့်ထောက်ပံ့ငွေများပေးအပ်











MNP ၊ မေ  ၁၇

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့သည့် ယနေ့၊ နံနက်(၁၀)နာရီက ရဟတ်ယာဉ်ဖြင့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ မြို့မဘုန်းတော်ကြီးကျောင်း၌ မုန်ခါမုန်တိုင်းသင့်ပြည်သူများနှင့်လာရောက် တွေ့ဆုံအားပေးစကားပြောကြားပြီး စားနပ်ရိက္ခာနှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။


 တွေ့ဆုံရာတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မုန်ခါမုန်တိုင်း တိုက်ခတ်ပြီးသည့်နေ့မှ စ၍ ရခိုင်ပြည်နယ်သို့ ပြည်ထောင်စုဝန်ကြီးများသည် ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေမြို့အား ပြန်လည်ထူထောင်


ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်လျက်ရှိကြောင်း၊ မေလ ၁၅ ရက်နေ့အထိ ပြည်သူလူထုများမှ သဘာဝဘေးအန္တရာယ်အတွက် လှူဒန်းရရှိငွေကျပ်သိန်း ၁၁ ဘီခီယံ ရရှိခဲ့ပြီး ၎င်းအလှူငွေများမှ ငွေကျပ် ၇ ဘီလီယံကို ရခိုင်ပြည်နယ်အတွက် လှူဒါန်းပေးခဲ့ပြီး ဖြစ်ကြောင်း၊ မကြာမီကျောင်းများ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး အချိန်မီပြန်ဖွင့်နိုင်အောင် ဦးစားပေးအလိုက် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ မုန်တိုင်းသင့်ပြည်သူ များအတွက် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ  ထောက်ပံပေးသည့် ငွေကျပ်သိန်း(၂၀၀)အား ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံသည့် ငွေကျပ်သိန်း(၁၀၀)အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်တို့က ပေးအပ်ရာ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းက လက်ခံရယူခဲ့သည်။ ဆက်လက်၍ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများက ဆန်၊ ဆီနှင့်မီးဖိုချောင်သုံးပစ္စည်းများနှင့် စားနပ် ရိက္ခာများအား ထောက်ပံ့ပေးအပ်ခဲ့ကြပြီး၊ ထိုနောက် မုန်ခါ မုန်တိုင်းကြောင့်ပျက်စီးရှုံးဆုံးခဲ့သည့် နေရာများသို့ လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။  


 နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)