မိုင်းခတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးများ ဆေးရောင်ခြယ်ခြင်းနှင့် စာအုပ်ပြပွဲပြုလုပ်‌ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးများ ဆေးရောင်ခြယ်ခြင်းနှင့် စာအုပ်ပြပွဲပြုလုပ်‌



MNP ၊ မေ  ၁၇

မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်း ပိတ်ရက်ကာလအတွင်း ကလေးများအားလပ်သည့် အချိန်တွင် စာကြည့်တိုက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်‌ရေး၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရေးနှင့် စဥ်းစားတွေးခေါ်မှု မြှင့်မားစေရေးအတွက် ဆေးရောင်ခြယ်ခြင်းနှင့် စာအုပ်ပြပွဲကို ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်နန်းနွယ်နီ‌အောင်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အကြောင်းပြောကြားပြီး ကလေးများက စိတ်ကြိုက်ဆေးရောင်ခြယ်ခြင်း၊ ကလေးရုပ်ပြစာအုပ်များကြည့်ရှုခြင်းနှင့် ကလေးအလုပ် အလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြပြီး မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ က‌လေးများအား အာဟာရပဲနို့ဘူးများ ပေးအပ်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)