ရခိုင်ပြည်နယ် လေဘေးကယ်ဆယ်ရေးသို့ သွားရောက်ကူညီမည့် အမှတ်(၄) ရဲလေ့ကျင့်ရေးသင်တန်းကျောင်း ရဲတပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် လေဘေးကယ်ဆယ်ရေးသို့ သွားရောက်ကူညီမည့် အမှတ်(၄) ရဲလေ့ကျင့်ရေးသင်တန်းကျောင်း ရဲတပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေများ ပေးအပ်


MNP ၊ မေ ၂၂

အားကောင်းသော  "မိုခါ" မုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံတိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ ဒေသများတွင် ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မေ(၂၂)ရက် နံနက်(၇)နာရီက ရခိုင်ပြည်နယ် လေဘေး ကယ်ဆယ်ရေးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၄) ရဲလေ့ကျင့်ရေးသင်တန်းကျောင်း၊ တောင်လေးလုံးကမ္ဘောဇခန်းမတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ရဲတပ်ဖွဲ့ဝင်များ တွေ့ဆုံ၍ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး က မုန်တိုင်းဒဏ်သင့်ခဲ့သည့် ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အင်အားများ လိုအပ်သောကြောင့် ရဲတပ်ဖွဲ့အနေဖြင့် ရှမ်းပြည်နယ်ကိုယ်စားပြု သွားရောက်မည်ဖြစ်သည့်အတွက် လုပ်ငန်းတာဝန်ပြီးဆုံးသည်အထိ ထိခိုက်မှုမရှိဘဲ အန္တရာယ်မရှိအောင် ဂရုစိုက်ဆောင်ရွက်ကြရန်၊ ကျန်းမာရေး ဂရုစိုက်ကြရန် ပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ် လေဘေးကယ်ဆယ်ရေးသို့ သွားရောက်ကူညီမည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အမှတ်(၄) ရဲလေ့ကျင့်ရေး သင်တန်းကျောင်းမှ ရဲတပ်ဖွဲ့(၄၀၁)ဦးအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်သိန်း(၂၀၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးကလည်းကောင်း၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ထောက်ပံ့ငွေကျပ် သိန်း(၃၀)အား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကို က ပေးအပ်ရာ အမှတ်(၄) ရဲလေ့ကျင့်ရေးသင်တန်းကျောင်း ဒုတိယကျောင်းအုပ်ကြီး ဒုတိယရဲမှူးကြီး သန်းဌေးဦး မှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှတ်(၄) ရဲလေ့ကျင့်ရေး သင်တန်းကျောင်းအတွက် ထောက်ပံ့ငွေပေးအပ်ရာ ကျောင်းအုပ်ကြီး ရဲမှူးကြီး ဗညားဦးမှ လက်ခံရ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရခိုင်ပြည်နယ် လေဘေးကယ်ဆယ်ရေးသို့ သွားရောက်ကူညီမည့် ရဲတပ်ဖွဲ့များ ယာဉ်ပေါ်တက်ရောက်ထွက်ခွာနေမှုအား လိုက်လံနှုတ်ဆက်ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)