နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးမြို့ရှိ ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီး ဘုရားစေတီများသို့ သွားရောက်ဖူးမြော်ကြည်ညို၊ ကမ္ဘောဇသာဒီ ရွှေနန်းတော်ကြီး ထိန်းသိမ်းထားရှိမှုအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးမြို့ရှိ ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီး ဘုရားစေတီများသို့ သွားရောက်ဖူးမြော်ကြည်ညို၊ ကမ္ဘောဇသာဒီ ရွှေနန်းတော်ကြီး ထိန်းသိမ်းထားရှိမှုအား ကြည့်ရှုစစ်ဆေး



























MNP ၊ မေ ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြိုရှိ ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီး ဘုရားစေတီများသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။


နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိ သမိုင်းဝင်ကျိုက်ပညာယျစေတီတော်မြတ်ကြီး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ပဲခူးမြို့နယ်၊ ဥဿမြို့သစ်၊ ပဲခူးတက္ကသိုလ်အနီးတွင် တည်ထားကိုးကွယ်သည့် နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိပြီဖြစ်သော သမိုင်းဝင် ကျိုက်ပညာယျစေတီတော် မြတ်ကြီး ပြုပြင်မွမ်းမံခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုကာ စေတီတော်မြတ်ကြီးအား  ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။ ယင်းနောက် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စေတီတော်ကြီး အတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက် ခံရယူသည်။


ထို့နောက် သမိုင်းဝင်စေတီတော်မြတ်ကြီးအား ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရေရှည်ကို မျှော်မှန်း၍ စနစ်တကျတွက်ချက် ဆောင်ရွက်ရန်လိုကြောင်း၊ လက်ရှိ စေတီတော်ကြီး၏ ရင်ပြင်တော်မှာ ဘုရားဖူးအများအပြားလာရောက်ပါက အဆင်ပြေနိုင်မည်မဟုတ်သော ကြောင့် အထက်ပစ္စယံ၊ အလယ်ပစ္စယံနှင့် အောက်ပစ္စယံတို့ကို ဆောင်ရွက်သွားရန်လို ကြောင်း၊ စေတီတော်ကြီး ပုရိဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေးတို့ကို ဆောင် ရွက်ရန်လိုပြီး ရေဝင်ရေထွက်ကောင်းမွန်ရေးကိုပါ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မွန် ဘုရားဖြစ်သည့်အတွက် မွန်လက်ရာများလည်း ပါဝင်ရန်လိုကြောင်း၊ နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိပြီဖြစ်သည့် သမိုင်းဝင်ကျိုက်ပညာယျစေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံ မည့် လုပ်ငန်းကဏ္ဍများ၌ ရဟန်း၊ ရှင်လူ၊ အများပြည်သူတို့   ပါဝင်ကုသိုလ်ယူနိုင်ရေး အတွက်လည်း နိဗ္ဗာန်အကျိုး မျှော်၍ နှိုးဆော်ရန်လိုကြောင်းဖြင့် မှာကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညို၍ ပြု ပြင်မွမ်းမံခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုကာ တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားသည်။


ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် ပဲခူးမြို့မဇင်းရပ်ကွက်ရှိ ဒုတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင် တော်မူခဲ့သော ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီး ကိုယ်တော်တိုင် တည်ထားကိုးကွယ်ခဲ့သည့် ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီးသို့ ရောက်ရှိကြပြီး စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။ ထို့နောက် စေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့က လက်ခံရယူပြီး ဓမ္မလက်ဆောင်များ ပြန်လည်ပေး အပ်သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က စေတီတော်မြတ်ကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပူဇော် သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညိုပြီး စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည့် ပြုပြင်မွမ်းမံ ထိန်းသိမ်းမှုများကို မပြတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားသည်။


ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီး

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် “ရှင်ပင်သာလျောင်း” ခေါ် “ရွှေသာလျောင်း” ရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဘက်စုံ အလှူငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဓမ္မလက်ဆောင် ပြန်လည်ပေးအပ်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရုပ်ပွားတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညိုပြီး ရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် သန့်ရှင်းသာယာလှပပြီး လာရောက် ဖူးမြော်သူများ ကြည်ညိုသပ္ပယ်ဖွယ်ဖြစ်စေရေး လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှု များကို အမြဲမပြတ်ဆောင်ရွက်ရန်လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။


၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အာရုံခံတန်ဆောင်းအတွင်းရှိ သာသနာရေးဆိုင်ရာပစ္စည်းများနှင့် ရိုးရာ လက်မှုပစ္စည်း အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုအားပေးသည်။


ရွှေမော်ဓော စေတီတော်မြတ်ကြီး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေမော်ဓော စေတီတော်မြတ်ကြီး သို့ရောက်ရှိဖူးမြော်ကြပြီး ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိ သူများက လက်ခံရယူပြီး ဓမ္မလက်ဆောင်များပြန်လည်ပေးအပ်သည်။ ထို့နောက် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က စေတီတော်မြတ်ကြီး ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးပူဇော်သည်။


၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီး အထက်ပစ္စယံရှိ ဆုတောင်းပြည့်ဘီလူးရန်နိုင် ဘုရားအား ဖူးမြော်ကြည်ညိုသည်။


ထို့နောက် စေတီတော်မြတ်ကြီးရှိ ရွှေမော်ဓောစေတီတော်သမိုင်းပြတိုက် အတွင်း ခင်းကျင်းပြသထားသည့် ရှေးဟောင်းလက်ရာ ဗုဒ္ဓရုပ်ပွားတော်များ၊ လက်ဝတ်ရတနာ များ၊ အသုံးအဆောင်ပစ္စည်းများကို ကြည့်ရှုပြီး ရှေးဟောင်းလက်ရာများသည် သမိုင်းကို ပြသနေခြင်းပင်ဖြစ်သည့်အတွက် မပျောက်ပျက်၊ မပျက်စီးအောင် စနစ်တကျထိန်းသိမ်း ကြရန်နှင့် အခြားလိုအပ်သည်များကို မှာကြားကာ စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည် ဖူးမြော် ကြည်ညိုခဲ့ကြသည်။


ကမ္ဘောဇသာဒီ ရွှေနန်းတော်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ကမ္ဘောဇသာဒီရွှေနန်းတော်သို့ ရောက်ရှိကြပြီး ရွှေနန်းတော် အတွင်း ယခင်မြေနန်းပြသာဒ်ဆောင်နေရာမှ တူးဖော်ရရှိသည့် ကျွန်းတိုင်များကိုပြသထား ရှိမှု၊ နန်းတော်အား ပြန်လည်ပြုပြင်ထိမ်းသိမ်းရန်ဆောင်ရွက်လျက်ရှိမှု၊ နန်းတော်ပြတိုက် အတွင်း ရှေးဘုရင်များအသုံးပြုခဲ့သည့် အသုံးအဆောင် ပစ္စည်းများပြသထားရှိမှုများကို လည်းကောင်း၊ ဟံသာဝတီရှေးဟောင်းသုတေသန ပြတိုက်အတွင်း ခင်းကျင်းပသထား သည့် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များနှင့် ရှေးဟောင်းအသုံးအဆောင်ပစ္စည်း များကို လည်းကောင်း၊ ဘမရာသနပလ္လင်တော်ဆောင်အတွင်း ခင်းကျင်းထားရှိမှုများကို လည်း ကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးအား ပြန်လည်ပြုပြင်ထိန်းသိမ်းမှုများကို အမြန်ဆုံးဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း သမိုင်းမှတ်တမ်း မှတ်ရာများ၊ မြေနန်းပြသာဒ်မှတူးဖော်ရရှိသည့် ရှေးလက်ရာများအတိုင်း ပြန်လည်ပြုပြင် ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ ပြတိုက်အား လာရောက်လေ့လာသူများ အလွယ် တကူ လေ့လာနိုင်ရေး ခေတ်နှင့်လျော်ညီစွာ ခင်းကျင်းပြသထားရှိရန်လိုကြောင်း၊ ဘုရင့် နောင် မင်းတရားကြီး စီးနင်းအသုံးပြုခဲ့သည့် ရထားတော်ကြီးကို မူလအရွယ်အစား အတိုင်း ရှေးမူမပြတ်ပြန်လည် တည်ဆောက်၍ ပြသထားရန်လိုကြောင်း၊ ကမ္ဘောဇသာဒီ ရွှေနန်းတော်ကြီးအတွင်း သန့်ရှင်းသာယာလှပစေရေး အမြဲမပြတ်ဆောင်ရွက်နေရန်လို ကြောင်း၊ ဟံသာဝတီမြို့တော်ဟောင်းနေရာအား ပြန်လည်ဖော်ထုတ်ထိန်းသိမ်းနိုင်ရေး တာဝန်ရှိသူများ အနေဖြင့် ဆောင်ရွက်ရန်လိုကြောင်းဖြင့်မှာကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကမ္ဘောဇသာဒီ ရွှေနန်းတော်ရှိ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။


မြန်မာသက္ကရာဇ် ၉၁၅ (အေဒီ ၁၅၅၃ )ခုနှစ်တွင် ဘုရင့်နောင်မင်းတရားကြီးသည် ဟံသာဝတီဒေသ၌ အကျယ်အဝန်း ၃၄၀၀ စတုရန်းမီတာရှိကာ မြို့ရိုးပတ်လည် တစ်ဖက် တစ်ချက်စီတွင် မြို့တံခါး ၅ ပေါက်ပါရှိပြီး စုစုပေါင်း မြို့တံခါး ၂၀ ဖြင့် တည်ဆောက်ထား သည့် ကြီးကျယ်ခမ်းနားသည့်နန်းတော်သစ်တစ်ခုကို တည်ဆောက်ခဲ့ပြီး “ကမ္ဘောဇသာဒီ” ဟု ခေါ်တွင်စေခဲ့ကြောင်း၊ မြန်မာသက္ကရာဇ် ၉၄၃ ခုနှစ်(အေဒီ ၁၅၈၁)ခုနှစ်၊ သက်တော် ၆၆ နှစ်တွင် ဘုရင့်နောင်မင်းတရားကြီး နတ်ရွာစံခဲ့ပြီး သားတော်နန္ဒဘုရင်လက်ထက် တွင် ဟံသာဝတီမြို့ ပျက်စီးခဲ့ရကာ “ကမ္ဘောဇသာဒီ”နန်းတော်ကြီးမှာလည်း မီးရှို့ဖျက်ဆီး ခံခဲ့ရကြောင်း၊ ထို့နောက် နှစ်ပေါင်း ၄၀၀ ကျော်ခန့် အပျက်အဆီးများအောက်တွင် တိမ်မြုပ်ပျောက်ကွယ်ခဲ့ရသည့်  “ကမ္ဘောဇသာဒီ”နန်းတော်ကြီးကို ရှေးဟောင်းသုတေသန ဦးစီးဌာနမှ ၁၉၉၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှ ၁၉၉၇ ခုနှစ်အထိ သုတေသနပြု တူးဖော် ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ မြေနန်းပြသာဒ်ဆောင်နေရာအား ၁၉၉၃ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်တွင်စတင် သုတေသနပြု တူးဖော်ခဲ့ရာ မြေနန်းပြဿဒ်ဆောင်၊ စနုဆောင်၊ လက်ဝဲဝင်းဆောင်နှင့် လက်ယာဝင်းဆောင်တို့၏ အုတ်ခုံပန္နက်များကို တွေ့ရှိ ခဲ့ကြောင်း၊ အဆိုပါနေရာများမှ ကျွန်းတိုင်လုံး အကြွင်းအကျန်များကိုတွေ့ရှိခဲ့ရပြီး အချို့ကျွန်းတိုင်များတွင် ပေးပို့ဆက်သသူများ၏ အမည်များကိုရေးထိုးထားသည်ကို တွေ့ ရှိရကြောင်း၊ ဘုရင့်နောင်မင်းတရားကြီး၏ မြေနန်းပြဿဒ်ဆောင်၊ လက်ဝဲဝင်းဆောင်၊ လက်ယာဝင်းဆောင်နှင့် စနုဆောင်တို့ကို ပုံစံတူပြန်လည်တည်ဆောက်ရေးအတွက် တူးဖော်တွေ့ရှိရသည့် ပန္နက်ပုံ၊ မှတ်တမ်းအထောက်အထားများနှင့်ညှိနှိုင်း၍ ပုံစံတူ ပြန်လည် တည်ဆောက်ထားခြင်းဖြစ်ကြောင်းနှင့် ပြည်တွင်း၊ ပြည်ပမှ လာရောက်လေ့လာ သူများဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)