စစ်ကိုင်းမြို့တွင် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့တွင် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ





MNP ၊ မေ  ၂၃

စစ်ကိုင်းခရိုင် သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၃-ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို မေ(၂၃)ရက်၊ နံနက်ပိုင်းက စစ်ကိုင်းမြို့နယ် တောင်ညိုကျေးရွာအနီး မဟာမင်းထင် ဘုန်းတော်ကြီးကျောင်းဝင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


သစ်ပင်စိုက်ပျိုးပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က ယနေ့အချိန်မှာ ကမ္ဘာ့ပတ်ဝန်ကျင် ယိုယွင်းပျက်စီးလာမှုနှင့်အတူ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးဟာ ရာသီဥတုပြောင်းလဲမှုနှင့် နောက်ဆက်တွဲ အကျိုးဆက်များကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိပါတယ် မြေထု၊ ရေထု၊ လေထုများညစ်ညမ်းလာခြင်း၊ ကမ္ဘာ့အိုဇုန်းလွှာယိုယွင်လာခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ ယိုယွင်းပျက်စီးလာခြင်း စသည့်ဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိပါတယ် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကြုံတွေ့ခဲ့ရတဲ့ သစ်တောပြုန်းတီးခြင်းရဲ့ အဓိကအကြောင်းရင်းတွေကတော့ အလွန်အကျွံသစ်ထုတ်ခြင်း၊ အမြဲတမ်းစိုက်ပျိုးမြေအဖြစ် ပြောင်းလဲဖို့ သစ်တောကိုရှင်းလင်းပစ်ခြင်းစတဲ့ အကျိုးသက်ရောက်မှုတွေပဲဖြစ်ပါတယ် ဒီလိုပြုန်းတီးနေမှုကို တန်ပြန်ရင်း ပြန်လည်စိုက်ပျိုး ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ကြရမှာဖြစ်သလို ထိန်းသိမ်းရေးလုပ်ငန်းတွေကို သစ်တောဦးစီးဌာန တစ်ခုတည်းမဟုတ်ဘဲ ဆက်စပ်အဖြွ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ် ဖက်လူမှုအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများအားလုံး ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မှာဖြစ်တဲ့အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ အလေးအနက်တိုက်တွန်းကြောင်း ဆွေးနွေးပြောကြားခဲ့သည်။


ဆက်လက်၍ စစ်ကိုင်းခရိုင် သစ်တောဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစိုင်းရွက်ဆိုင်က သစ်ပင်စိုက်ပျိုးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက သစ်ပင်စိုက်ပျိုးရန်ပျိုးပင်များ အသီးသီးပေးအပ်ခဲ့ကြကာ စုပေါင်း သစ်ပင်စိုက်ပျိုးပေးခဲ့ကြ၍ ယခုနှစ် စစ်ကိုင်းမြို့နယ်အတွင်း သစ်ပင်ပေါင်း(၇၀၀၀၀)ကျော်ကို ဖြန့်ဝေ စိုက်ပျိုးပေးသွားမည်ဖြစ်ကြောင်း ခရိုင်သစ်တောဦးစီးဌာနမှ သိရသည်။


ဇော်မြင့်နိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)