ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် ဟားခါးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် သာသနာ့ရက္ခိတတပ်ဦးကျောင်းသို့ သွားရောက်ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် ဟားခါးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် သာသနာ့ရက္ခိတတပ်ဦးကျောင်းသို့ သွားရောက်ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း



MNP ၊ မေ ၂၃

“မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဟားခါးမြို့သို့ရောက်ရှိလာသည့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီးမင်းနိုင်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ချင်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး ၊ စစ်ဗျူဟာ (အခြေချ) ဟားခါးမှစစ်ဗျူူဟာမှူးနှင့်ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲ များလိုက်ပါလျက် မေလ ၂၂ ရက်နေ့မွန်းလွဲပိုင်းက ဟားခါးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် သာသနာ့ရက္ခိတတပ်ဦးကျောင်းများသို့ သွားရောက်ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့်အဖွဲ့သည် ဟားခါးမြို့၊ ဈေးဟောင်းရပ်ကွက်ရှိ ဇေတဝန်တောရစာသင်တိုက်သို့ သွားရောက်၍ ဆန၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီးသံဃာတော်များအတွက် ကျန်းမာရေးနှင့်အခြားလိုအပ်ချက်များကို လျှောက်ထားမေးမြန်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်တော်သာရပ်ကွက်ရှိ မြို့မပရိယတ္တိစာသင်တိုက်နှင့် သီလရှင်စာသင်တိုက်သို့လည်းကောင်း ၊ ဟားခါးတပ်နယ်ရှိ သာသနာ့ရက္ခိတကျောင်းသို့လည်းကောင်း သွားရောက်ပြီး သံဃာတော်များအား ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ကျန်းမာရေးနှင့်အခြားဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်သည့်ချက်များကို လျှောက်ထားမေးမြန်း၍ ဒုတိယဗိုလ်ချုပ်ကြီးက လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)