ဂွမြို့နယ် community centreတွင် "ဓားတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည်"စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ် community centreတွင် "ဓားတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည်"စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်





MNP ၊ မေ  ၂၃

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့၊ နေ့လယ် ၁၂ နာရီက စာရေးဆရာ မြသန်းတင့်၏  "ဓားတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည်"စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။


 အဆိုပါစာဖတ်ဝိုင်းတွင်စာရေးဆရာမြသန်းတင့်၏  "ဓားတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည်"စာအုပ်ပါ“ ဇာတ်ဆောင်လေးဦး၏ ဆက်ဆံရေး၊ ဇာတ်ဆောင်လေးဦး၏ ပဋိပက္ခ၊ ထိုပဋိပက္ခများကို ဖြေရှင်းပုံ၊ ဇာတ်ဆောင်သံချောင်း၏ ကိုယ်ကျိုးစွန့်မှု ၊ အနစ်နာခံတတ်မှု၊ လက်တွေ့ကျမှု၊ ပညာ မတတ်သော်လည်း ပညာတတ်သူတို့ထံမှ အသိအမြင် အတွေးအခေါ်တို့ကို တစ်ဆင့် သိရသည်နှင့် ချက်ချင်း လက်တွေ့ အကောင်အထည်ဖော်ကာ ဘ၀အခက်အဲကို ဖြေရှင်းသွားတတ်မှုများကို အသိပညာဗဟုသုတရဖွယ် ရေးသားထားကြောင်း၊ စာပေဖြင့် ဘဝလမ်းမှန်ကို ရှာဖွေရှင်သန်နိုင်ကြောင်း စသည့်အကြောင်းအရာများအားဆွေးနွေးကြရာ ဖြစ်ကြောင်းတက်ရောက်လာကြသည့်(Book Club)စာပေချစ်မြတ်နိုးသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


 ဂွမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရုံးအနေဖြင့် ပြည်သူများအသိပညာဗသုသုတရရှိစေရန် အသိပညာပေး လုပ်ငန်းများ အားစဉ်ဆက်မပြတ်လွှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)