အမ်းမြို့နယ်၌ပြည်သူများအားကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေး ခြင်းနှင့်အဘိတ်ဆေးခတ်ခြင်းလုပ် ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ပြည်သူများအားကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေး ခြင်းနှင့်အဘိတ်ဆေးခတ်ခြင်းလုပ် ငန်းများဆောင်ရွက်





MNP ၊ မေ  ၂၃

        ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့ နယ် တွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးကိုကျန်းမာ ရေးဝန် ထမ်းများက ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။


    ထိုသို့ထိုးနှံပေးလျက်ရှိရာ အမ်းမြို့ နယ်လေယာဥ်ကွင်းရပ်ကွက်ကျေးလက်ကျန်းမာရေးဌာန နှင့်အမှတ်( ၃)စျေးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၌  ယမန်နေ့ နံနက်ပိုင်းက Sinopharm အမျိုးအစားကာကွယ် ဆေး တတိယအကြိမ်ထိုးနှံသူ ၆၀ ဉီး၊ စတုတ္ထအကြိမ်ထိုးနှံသူ ၈၃ ဦး၊ ပဉ္စမအကြိမ်ထိုးနှံသူ (၈၉)ဦး၊ စုစုပေါင်း ပြည်သူ (၂၃၂) ဉီးတို့ကို ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးသည်။


     ဆက်လက်၍ ညနေပိုင်းတွင်မြို့နယ်ကျန်းမာရေးဌာန၏လမ်းညွန်ချက်နှင့်အညီရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက  သွေးလွန်တုပ် ကွေးရောဂါ မဖြစ်ပွားစေရန် နေအိမ်များရှိ ပိုးလောက်လန်းပေါက်ပွားစေနိုင်သော ရေစည်ရေအိုးများ၊ ရေလှောင်ကန်များ၊ ဘုရားညောင်ရေအိုး၊ တာယာအဟောင်း  စသည့် နေရာများတွင်သွေးလွန်တုပ် ကွေး ဖြစ်စေနိုင်သည့် ခြင်များပေါက်ဖွားမှှုမရှိစေရန် ကြည့်ရှုစစ်ဆေးပြီး ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးများခတ်ခြင်းလုပ်ငန်းများဆောင်ရွက် ၍ နေ အိမ်ပိုင်ရှင်များအားကျန်းမာရေးအသိ ပညာပေးဟောပြောခြင်းတို့ကို ကွင်းဆင်းဆောင် ရွက်ခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)