ရသေ့တောင် မြို့၌ ဗိုလ်ချုပ် အောင်မျိုးထွန်း ဦးဆောင်သော မစဖဖွဲ့ဝင်များသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥက္ကဌနှင့်ကော်မတီဝင် များက နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များအတိုင်း မြို့ပေါ်ရပ်ကွက်များအတွင်း၌ လေဘေး ခိုလှုံရာစခန်းဖွင့်လှစ်ခဲ့သော ဘုန်းတော်ကြီးကျောင်းသို့သွားရောက်ပြီး (၇) မယ်ပါထောက်ပံပစ္စည်းလှူဒါန်းခြင်းတို့ကို သွားရောက်ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင် မြို့၌ ဗိုလ်ချုပ် အောင်မျိုးထွန်း ဦးဆောင်သော မစဖဖွဲ့ဝင်များသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥက္ကဌနှင့်ကော်မတီဝင် များက နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များအတိုင်း မြို့ပေါ်ရပ်ကွက်များအတွင်း၌ လေဘေး ခိုလှုံရာစခန်းဖွင့်လှစ်ခဲ့သော ဘုန်းတော်ကြီးကျောင်းသို့သွားရောက်ပြီး (၇) မယ်ပါထောက်ပံပစ္စည်းလှူဒါန်းခြင်းတို့ကို သွားရောက်ကြည့်ရှု





MNP ၊ မေ  ၂၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင် မြို့နယ်၌ ဗိုလ်ချုပ်အောင်မျိုးထွန်း ဦးဆောင်သော မစဖဖွဲ့ဝင်များသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥက္ကဌနှင့်ကော်မတီဝင်များတို့က ယမန်နေ့နံနက် (၉)နာရီ(၃၀)မိနစ်အချိန်တွင် ရသေတောင် မြို့ မြို့ပေါ်၌ လေဘေးခိုလှုံရာစခန်းဖွင့်လှစ်ခဲ့သည့် ဘုန်းတော်ကြီးကျောင်း ၆ ကျောင်းသို့သွားရောက်ကြသည်။


နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ရန် ဗိုလ်ချုပ်အောင်မျိုးထွန်း ဦးဆောင်၍ မြို့နယ်မစဖအဖွဲ့ဝင် များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနိုင်လင်းထက်နှင့်အဖွဲ့ဝင်များ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ ကော်မတီဝင်တို့ကရသေ့တောင်မြို့ပေါ်ရှိယာယီ​​လေဘေးခိုလှုံရာစခန်းများဖွင့်လှစ်ထားသည့်စေတီယဂႅဏဘုန်းတော်ကြီးကျောင်းတိုက်၊အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းတိုက်၊သာသနာ့ဇောတိပါလဘုန်းတော်ကြီးကျောင်းတိုက်၊တောင်လှမော်ဘုန်းတော်ကြီးကျောင်းတိုက်၊ပရဟိတဘုန်းတော်ကြီးကျောင်းတိုက်များသို့သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်ကြီး များအား ဖူးမျှော်ကာ ဆရာတော်ကြီးများအား  (၇) မယ်ပါထောက်ပံပစ္စည်းများအားလှူဒါန်းပြီးဆရာတော်ကြီးထံမှဩဝါဒခံယူသည်။


 ရသေ့တောင် မြို့တွင်ဗိုလ်ချုပ် အောင်မျိုးထွန်း ဦးဆောင်သော မစဖဖွဲ့ဝင်များ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥက္ကဌနှင့်ကော်မတီဝင် များက နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များအတိုင်း မြို့ပေါ်ရပ်ကွက်များအတွင်း၌ လေဘေး ခိုလှုံရာစခန်းဖွင့်လှစ်ခဲ့သောဘုန်းတော်ကြီးကျောင်းများအပြင် ဘုန်းတော်ကြီးကျောင်း (၃၁)ကျောင်းသို့သွားရောက်ပြီး (၇) မယ်ပါထောက်ပံပစ္စည်း(၂၆) အိတ်၊ဆန်(၄၀) အိတ်နှင့် ပဲ(၄) အိတ်တို့ကိုလှူဒါန်းခြင်းတို့ကိုသွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)