(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အလေးမအားကစားနည်းမှ ရွှေတံဆိပ် တစ်ခု၊ ရိုးရာလှေလှော်အားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ပိုက်ကျော်ခြင်းအားကစားနည်းမှ ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အလေးမအားကစားနည်းမှ ရွှေတံဆိပ် တစ်ခု၊ ရိုးရာလှေလှော်အားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ပိုက်ကျော်ခြင်းအားကစားနည်းမှ ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိ



ရန်ကုန် မေ ၁၅

(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အလေးမအားကစားနည်းမှ ရွှေတံဆိပ် တစ်ခု၊ ရိုးရာလှေလှော်အားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ပိုက်ကျော်ခြင်း အားကစားနည်းမှ ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိကြောင်း သိရသည်။


ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Olympic Taekwondo Hall ၌ ယမန်နေ့က ကျင်းပသည့် အလေးမအားကစားနည်း အမျိုးသမီး(၄၅ ကီလို)ပြိုင်ပွဲတွင် (မြန်မာ၊ ဖိလစ်ပိုင်၊ လာအို၊ ထိုင်းနှင့် ကမ္ဘောဒီးယား)နိုင်ငံတို့ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာနိုင်ငံမှ မဇင်မေဦးက ပထမ (ရွှေတံဆိပ်ဆု)ကိုလည်းကောင်း၊ Perk Kampot, Kampot City, Kampot Province ၌ ကျင်းပသည့် ရိုးရာလှေလှော် အားကစားနည်း အသက်(၂၄)နှစ်အောက် အမျိုးသား ၅ တက်လှော်(၂၅၀ မီတာ) ပြိုင်ပွဲတွင် (မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာနိုင်ငံမှ မောင်ခန့်ဇော်အောင်၊ မောင်ပြည့်စုံအောင်၊ မောင်သက်ပိုင်ဖြိုး၊ မောင်စောနိုင်လင်းကျော်၊ မောင်တင်ကိုကို၊ မောင်အောင်ဖြိုးဟိန်းနှင့် မောင်မျိုးဆွေတို့အတွဲက ပထမ (ရွှေတံဆိပ်ဆု)နှင့် အသက် (၂၄)နှစ်အောက် (အမျိုးသား/အမျိုးသမီး) ၁၂ တက်လှော် (၂၅၀ မီတာ)ပြိုင်ပွဲတွင် (ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား)နိုင်ငံတို့ ယှဉ်ပြိုင်ကစား ခဲ့ကြရာ မြန်မာနိုင်ငံမှ မောင်မြတ်မင်း ထွန်း၊ မောင်မျိုးလှိုင်ဝင်း၊ မောင်မျိုးဆွေ၊ မောင်ပြည့်ဖြိုးသန့်၊ မောင်စောကောင်းကောင်းစံ၊ မောင်ဇော်ဇော်ထွန်း၊ မောင်အောင်ဖြိုးဟိန်း၊ မောင်ရှိုင်းဝေလင်း၊ မဖြူဖြူအောင်၊ မစိုးစန္ဒာ၊ မစုစုလွင်၊ မသီတာဦး၊ မဖြိုးဝေလွင်နှင့် မစိုးစိုးကျော်တို့အတွဲက ဒုတိယ(ငွေတံဆိပ်ဆု)ကိုလည်းကောင်း၊ Basketball Hall NSTC ၌ကျင်းပသည့် ပိုက်ကျော်ခြင်းအားကစားနည်း (အမျိုးသား)နှစ်ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲတွင် (အင်ဒိုနီးရှား၊ မြန်မာ၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာနိုင်ငံမှ မောင်အောင်မျိုးဆွေ၊ မောင်သန့်ဇင်ဦး၊ မောင်အောင်မျိုးနိုင်၊ မောင်ဝေလင်းအောင်၊ မောင်ဇင်ကိုကို၊ မောင်ရှိန်းဝဏ္ဏဇော်၊ မောင်စစ်လင်းထွဋ်၊ မောင်သန်းဇော်ဦးနှင့် မောင်အောင်ဇော်တို့အတွဲက ဒုတိယ(ငွေတံဆိပ်ဆု)ကိုလည်းကောင်း ရရှိခဲ့ကြသည်။


မေ ၁၃ ရက်နေ့ပြိုင်ပွဲပွဲစဉ်များအဖြစ်ပိုက်ကျော်ခြင်း၊ E-sports၊ ကြက်တောင်၊ ဘိလိယက်၊ ရိုးရာလှေ၊ အလေးမ၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘော်လီဘောနှင့် ဘောလုံးအားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ရာ ရွှေတံဆိပ်နှစ်ခုနှင့် ငွေတံဆိပ်နှစ်ခု ထပ်မံရရှိခဲ့သည်။


မေ ၁၄ ရက်နေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရိုးရာလှေ၊ E-Sports၊ ပိုက်ကျော်ခြင်း၊ ခရစ်ကက်၊ ဘော်လီဘော၊ ဂျူဒို၊ ဘိလိယက်၊ အလေးမ၊ တိုက်ကွမ်ဒို၊ ဗိုဗီနမ် (အားနစ်) အားကစားနည်းများတွင် မြန်မာနိုင်ငံမှ ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ယနေ့အထိ မြန်မာနိုင်ငံမှ ရွှေတံဆိပ် ၁၇ခု၊ ငွေတံဆိပ် ၁၆ခုနှင့် ကြေးတံဆိပ် ၄၈ခု စုစုပေါင်း ဆုတံဆိပ် ၈၁ ခု ဆွတ်ခူးရရှိထားပြီးဖြစ်ကြောင်း သိရသည်။


(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မေ ၅ ရက်မှ ၁၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ အားကစားပြိုင်ပွဲများသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးလျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)