ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော ကျေးရွာများအား ပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ရေးအတွက်ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ တာ၀န်ရှိသူများနှင့်အတူ ကျေးရွာများသို့ သွားရောက်ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော ကျေးရွာများအား ပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ရေးအတွက်ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ တာ၀န်ရှိသူများနှင့်အတူ ကျေးရွာများသို့ သွားရောက်ကြည့်ရှု







MNP ၊ မေ  ၁၉

ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့်လေဘေးသင့် ပျက်စီးဆုံရှုံးခဲ့သော ကျေးရွာများတွင် ပြန်လည် ထူထောင်ရေး ကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် ‌နိုင်ငံတော်မှ မောင်တောဒေသသို့ အနီးကပ် ကြီးကြပ် နိုင်ရန် တာ၀န်ပေးခဲ့ရသည့် ဗိုလ်မှူးချုပ် တင်ဆွေ သည် ယနေ့ ညနေပိုင်းက မောင်တောမြို့သို့ ရောက်ရှိခဲ့ပြီး ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဧည့်ခန်းမ အတွင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ နေဦးက မုန်တိုင်းဘေးကြောင့် မိမိတို့ မြို့နယ်အတွင်း ပျက်စီးဆုံးရှုံးခဲ့မှုများ၊ ပြန်လည် ထူထောင်ရေးအတွက် ဆောင်ရွက်နေမှုများ ၊ ပြည်သူများအား လတ်တလော စား၀တ်နေရေးအဆင်ပြေစေရေးအတွက် ယာယီတဲများ တည်ဆောက်နေမှု စသည့်တို့အား တင်ပြခဲ့သည်။


ထို့နောက် ပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ ခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးနေဦး  နှင့် တာ၀န်ရှိသူများနှင့်အတူ ကျေးရွာများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြရာ မုန် တိုင်း ကြောင့် လေဘေးသင့်ပြီး ပျက်စီးဆုံးရှုံး‌ခဲ့သော မောင်တောမြို့နယ်အတွင်းရှိ ကျောက်ပန္ဒူကျေးရွာ ၊ အင်းဒင်  ကျေးရွာ  ၊ မြို့ယုကျေးရွာများရှိ စာသင်ကျောင်းများအား ကြည့်ရှုစစ်‌‌ဆေးပြီး စာသင်ကျောင်းများ အမြန်ဆုံး ဖွင့်လှစ်နိုင် ရေး အတွက် ပျက်စီးနေမှုများအား ရှင်းလင်းကာ ပြန်လည် ပြုပြင်တည်ဆောက်ရေးကိစ္စ များအား အမြန်ဆုံး စီစဉ် ဆောင်ရွက် ရန် လိုအပ်ပါကြောင်းပြောကြားပြီး ၊ ကျေးရွာများအတွင်း အိမ်ထောင်စုအလိုက် စားရိက္ခာများ ဖြန့်ဝေနေမှု  နှင့်  ပြည်သူများ သောက်သုံးရေများ ခပ်ယူသုံးစွဲနေမှု များအား ကြည့်ရှုခဲ့သည်။ယင်း‌နောက် ကျောက်ပန္ဒူကျေးရွာသို့ သွားရောက်ကာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေး ကုသ ရေးအဖွဲ့က ပြည်သူများအား ဆေးကုသမှု အခြေအနေအား ကြည့်ရှု အား‌ပေးပြီးလိုအပ်ချက်များအား ပေါင်းစပ် ဆောင်ရွက် ပေးခဲ့‌ေကြာင်းသိရသည်။


သက်လွင်စိုး ၊ အောင်ကျော်စိန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)