မာန်အောင်မြို့နယ်ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ရန်ရောက်ရှိနေသောဗိုလ်မှူးချုပ်ကျော်ကျော်ဦးမုန်တိုင်းဒဏ်ကြောင့်ပျက်စီးဆုံးရှုံးသည့်နေရာများအားကြည့်ရှုစစ်ဆေးပြီး မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ရန်ရောက်ရှိနေသောဗိုလ်မှူးချုပ်ကျော်ကျော်ဦးမုန်တိုင်းဒဏ်ကြောင့်ပျက်စီးဆုံးရှုံးသည့်နေရာများအားကြည့်ရှုစစ်ဆေးပြီး မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များနှင့်တွေ့ဆုံ





MNP ၊ မေ  ၁၉

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မုန်တိုင်းဒဏ်ကြောင့်လူနေအိမ်နှင့် အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်ကျော်ကျော်ဦးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊(ခေတ္တ)ဥက္ကဋ္ဌဗိုလ်မှူးသူရိန်စိုးနှင့် အဖွဲ့လိုက်ပါလျက် ယနေ့ညနေ၄နာရီကမုန်တိုင်းဒဏ်ကြောင့်ပျက်စီး ဆုံးရှုံးခဲ့သည့် ကျီချောင်းဝကျေးရွာ (အမက)၊မီးလောင့်ထောင့်ကျေးရွာ(အမက)၊ကျောက်တန်းကျေးရွာ (အထက)စသည့်နေရာများအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။


    ထို့နောက် ဗိုလ်မှူးချုပ်ကျော်ကျော်ဦးသည် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များ၊ဌာနဆိုင်ရာများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌တွေ့ဆုံခဲ့သည်။


    ထိုသို့ တွေ့ဆုံရာတွင် ဗိုလ်မှူးချုပ်ကျော်ကျော်ဦးက မာန်အောင်မြို့နယ်ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိ လာခြင်းဖြစ်ကြောင်း၊မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများသည့် နေရာများကို ဦးစားပေခြင်းဖြစ်ကြောင်း၊မာန်အောင်မြို့နယ် အနေဖြင့် ဆိုးဆိုးဝါးဝါးပျက်စီးဆုံးရှုံးမှု မရှိကြောင်း၊ကျောင်းများ၊ဆေးရုံ၊ဆေးခန်းများကို ဦးစားပေးပြင်ဆင်ပေးသွားမည်ဖြစ်ကြောင်း၊ပျက်စီးမှုစာရင်းဇယားများ မှန်ကန်ရန်လိုကြောင်း၊ပြည်သူများကလည်း တက်ညီ လက်ညီအားလုံး ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။


  ထို့နောက် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထွဋ်က သဘာဝဘေးကျရောက်ပြီးစီးမှုအခြေအနေနှင့်စာရင်းကောက်ယူထားမှု အခြေအနေများကိုတင်ပြရာ ဗိုလ်မှူးချုပ် ကျော်ကျော်ဦးက စာ ရင်းဇယား မှန်ကန်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ကြရန် ညှိနှိုင်း ပေးခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)