ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မိုခါမုန်တိုင်း ကျရောက်ခဲ့သည့် ဒေသများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မိုခါမုန်တိုင်း ကျရောက်ခဲ့သည့် ဒေသများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်


MNP ၊ မေ ၂၀

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ တာဝန်ရှိသူ များနှင့်အတူ ယမန်နေ့က စစ်တွေမြို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံးဝင်းအတွင်း မိုခါမုန်တိုင်းဒဏ်သင့်အဆောက်အအုံများ ထိခိုက်ပျက်စီးမှုနှင့် ပြန်လည်ပြင်ဆင်ရန်နှင့်ပြန်လည်ဖြည့်ဆည်းပေးရန် လိုအပ်သည်များကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ကျင်းပသည့် မိုခါမုန်တိုင်းကျရောက်ခဲ့သည့် ဒေသများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် မိုခါမုန်တိုင်းဒဏ်သင့် ဒေသများဖြစ်သည့် ရခိုင်ပြည်နယ် မြို့နယ်တစ်ခုချင်း အလိုက်ကျန်းမာရေးကဏ္ဍဆိုင်ရာမှ ကြိုတင်ပြင်ဆင်ခဲ့မှုများ၊ မုန်တိုင်းကျရောက်ပြီးနောက် လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းများကို ဆန်းစစ်သုံးသပ်၍ လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်းရေး၊ ရခိုင်ပြည်နယ်နှင့် အခြားလေမုန်တိုင်းသင့်ဒေသများ၌ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုမရှိစေရေး၊ ရေတွင်းရေကန်များကို ကလိုရင်းဆေးခတ်ခြင်း၊ ရေသန့်စင်ဆေးပြားများဖြန့်ဝေခြင်း၊ လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းများပို့ဆောင်ခြင်းများကို ဆောင်ရွက်ရာတွင် ကျေးလက်ဒေသအထိရောက်ရှိရေးနှင့် လိုအပ်ချက်များရှိပါက အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ရေး၊ ကူးစက်ရောဂါများ ဖြစ်ပွားမှုရှိပါက အမြန်ဆုံးတုံ့ပြန်နိုင်ရေး၊ RRT (Rapid Response Team)များနှင့် ဆေးအဖွဲ့များကို လိုအပ်သလို ထပ်မံစေလွှတ်နိုင်ရေးနှင့် တာဝန်ပြီးဆုံးသည့်အဖွဲ့များနေရာတွင် အခြားအဖွဲ့များ အစားထိုးစေလွှတ်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ကျေးလက်ကျန်းမာရေးဌာနနှင့် ကျေးလက် ကျန်းမာရေးဌာနခွဲများ၊ ဆေးခန်းများပျက်စီးဆုံးရှုံးမှု၊ ကုသရေးဦးစီးဌာနတာဝန်ရှိသူက စစ်တွေပြည်သူ့ ဆေးရုံကြီး၊ ခရိုင်အဆင့်ဆေးရုံ၊ မြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံများ ပျက်စီးဆုံးရှုံးမှု၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန တာဝန်ရှိသူက သူနာပြု/သားဖွား သင်တန်းကျောင်းများ ပျက်စီးဆုံးရှုံးမှု၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာဦးစီးဌာနအလိုက် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပျက်စီးသွားသည့် ကျန်းမာရေးအဆောက်အအုံများကို ဦးစီးဌာနအလိုက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် သာမန်အသုံးစရိတ်ခေါင်းစဉ်အောက်ရှိ ပြင်ဆင်ထိန်းသိမ်းစရိတ်ရန်ပုံငွေများကို အသုံးပြု၍ ထိရောက်အကျိုးရှိစွာ ပြင်ဆင်နိုင်ရေးနှင့် ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရေတို၊ ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းများအလိုက် ဆွေးနွေးဖြည့်ဆည်းပေးသည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)