ကျွန်းလှမြို့နယ်၊ အင်းဟောင်းရွာဟောင်းကုန်းကျေးရွာအနီးတွင် တရားမဝင်ရွှေမျော လုပ်ကိုင်နေသူများ ဖမ်းဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ်၊ အင်းဟောင်းရွာဟောင်းကုန်းကျေးရွာအနီးတွင် တရားမဝင်ရွှေမျော လုပ်ကိုင်နေသူများ ဖမ်းဆီး


MNP ၊ မေ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ အင်းဟောင်းရွာဟောင်းကုန်းကျေးရွာအနီးတွင် ယမန်နေ့ နံနက်ပိုင်းက တရားမဝင်ရွှေမျော လုပ်ကိုင်နေသူများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၊ အင်းဟောင်းရွာဟောင်းကုန်းအနီးတွင် တရားမဝင် ရွှေမျောများ လုပ်ကိုင်နေကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်ရှင်းလင်းခဲ့ရာ ရွှေမျှောဖောင် ၁၀ လုံးဖြင့် လုပ်ကိုင်နေသည့် နေရှိင်း၊ အောင်သိန်း၊ ဝင်း(ခ) အောင်သူ၊ ခင်ဝင်း၊ ဝင်းတင့်၊ နေအောင်၊ ကျော်ထူး၊ ချစ်ကို၊ ကျော်သူအောင်(ခ)မိုးနိုင်၊ ဝိုင်းချစ် တို့အား ဖမ်းဆီးထိန်သိမ်းခဲ့ပြီး ဥပဒေနှင့် အညီအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်းတွင် တရားမဝင်ရွှေမျောများ လုပ်ကိုင်နေမှုကို ၂၄-၅-၂၀၂၃ ရက်နေ့မှ စတင်ရှင်းလင်းခဲ့ပြီး ယမန်နေ့က ဒေသခံများ၏ ဆက်သွယ်ပြောကြားချက်အရ KIA/PDF အကြမ်းဖက်အဖွဲ့များကို ဆက်ကြေးပေးပြီး လုပ်ကိုင်လျက်ရှိသော ရွှေမျောပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့ပြီး ဆည်အတွင်းတွင် တရားမဝင်ရွှေမျော ထောင်ကျော်ရှိနေကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment