ဟင်္သာတခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ကြီးမှူးဖွင့်လှစ်သော ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဆင့်ပွားသင်တန်းဖွင့်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ကြီးမှူးဖွင့်လှစ်သော ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဆင့်ပွားသင်တန်းဖွင့်ပွဲပြုလုပ်




MNP ၊ မေ  ၁၉

ပြည်ထဲရေးဝန်ကြီးဌာန၊ဟင်္သာတခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ကြီးမှူး ဖွင့်လှစ်သော ဗုဒ္ဓဘာသာယဉ်ကျေးမှု ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် ၇ နာရီက ဟင်္သာတမြို့ မြစ်ကွေ့ ပရိယတ္တိ စာသင်တိုက်တွင် ကျင်းပခဲ့သည်။


အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ဟင်္သာတမြို့ မြစ်ကွေ့ပရိယတ္တိ စာသင်ကြီး၏ ဦးစီးပဓာန နာယက မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တ စန္ဒသိရီဘိဝံသ ထံမှငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး သြဝါဒကထာနာယူကာ တာဝန်ရှိသူ များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ထို့နောက် ဟင်္သာတခရိုင် မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခတ္တာထွန်းက သင်တန်းသို့တက် ရောက်လာကြသော လူငယ်မောင်မယ်များကို ကြိုဆိုနှုတ်ဆက်အမှာစကားပြောကြားခဲ့သည်။


အဆိုပါသင်တန်းကို မေလ ၁၈ရက်နေ့မှ မေ၂၂ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး မြို့ပေါ်ရှိ ကျောင်းသားလူငယ် ၈၃ ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment