ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၃)မှ သင်တန်းသား၊ သင်တန်းသူများသည် ရန်ကုန်မြို့ရှိ နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာနှင့် မှော်ဘီလေတပ်စခန်းသို့ သွားရောက်လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၃)မှ သင်တန်းသား၊ သင်တန်းသူများသည် ရန်ကုန်မြို့ရှိ နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာနှင့် မှော်ဘီလေတပ်စခန်းသို့ သွားရောက်လေ့လာ


MNP ၊ မေ ၂၄

ရန်ကုန်မြို့သို့ရောက်ရှိနေသည့် တပ်မတော်(ရေ)မှ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၃) ကျိုင်းတုံစခန်း၊ မြိတ်စခန်း၊ ကျွန်းစုစခန်း၊ အင်းယားစခန်းနှင့် ကိုကိုးကျွန်းစခန်းတို့မှ သင်တန်းသား၊ သင်တန်းသူများသည် သင်တန်းနည်းပြများ၊ အုပ်ချုပ်သူများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ မှော်ဘီလေတပ်စခန်းသို့ လေ့လာရေးခရီးသွားရောက်ကြသည်။ ဦးစွာ လေကြောင်းနှင့် အာကာသသိပ္ပံပညာရပ်များ၊ လေယာဉ်ပျံသန်းမှုနှင့်သက်ဆိုင်သော အထွေထွေဗဟုသုတများကို တပ်မတော်(လေ)မှတာဝန်ရှိသူများက ရှင်းလင်းပြောကြားကြသည်။

ထို့နောက် ရေကြောင်းလူငယ်သင်တန်းသား၊ သင်တန်းသူများ လေယာဉ် ပျံသန်းမှုအတွေ့အကြုံရရှိစေရန် တပ်မတော်(လေ)မှ သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြစ်သော Y-12 လေယာဉ်တို့ဖြင့် အလှည့်ကျလက်တွေ့လိုက်ပါစီးနင်းကြပြီး လေယာဉ်ပျံသန်းစီးနင်းရာတွင် လိုက်နာရမည့်အချက်များနှင် လေကြောင်းဆိုင်ရာ အတွေ့အကြုံများကို တာဝန်ရှိသူများကလေယာဉ်ပေါ်၌ ရှင်းလင်းပြသခဲ့ကြသည်။

ဆက်လက်ပြီး ကျောက်ဖြူစခန်း၊ စစ်တွေစခန်း၊ ပုသိမ်စခန်း၊ မော်လမြိုင်စခန်း၊ ဟိန်းဇဲစခန်းနှင့် မန္တလေးစခန်းစခန်းတို့မှ ရေကြောင်းလူငယ်သင်တန်းသား၊ သင်တန်းသူများသည် လှိုင်မြို့နယ်ရှိ နျူကလီးယားနည်း ပညာသတင်းအချက်အလက်စင်တာသို့ သွားရောက်လေ့လာကြသည်။ ထိုသို့ လေ့လာရေးခရီးလာရောက်ကြသော ရေကြောင်းလူငယ်သင်တန်းသား၊ သင်တန်းသူများအား နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာမှ တာဝန်ရှိသူများက ပြခန်း ခန်းမဆောင်တွင် ပြသထားသော နျူကလီးယားနည်းပညာအသုံးပြု၍ ရောဂါရှာဖွေမှု(တိုမိုဂရမ်) နမူနာပုံစံ၊ အသေးစား လျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖိုအမျိုးအစားတစ်ခုဖြစ်သော RITM-200 ၏ အတွင်းပိုင်းပါဝင်ပစ္စည်းများနှင့် အလုပ်လုပ်ပုံပြနမူနာပုံစံ၊ ခန္ဓာကိုယ်၏ဓာတ်ရောင်ခြည် ပမာဏကိုတိုင်းတာပြီး သဘာဝပတ်ဝန်းကျင်ရှိအရာဝတ္တုပစ္စည်းများတွင်ပါရှိသည့် ဓာတ်ရောင်ခြည်ပမာဏနှင့် နှိုင်းယှဉ်ဖော်ပြပေးသည့် Radiometer စက်၊ နျူကလီးယား နည်းပညာဆိုင်ရာ အခြေခံအကြောင်းအရာများကို မေးခွန်းများမေး၍ဖြေကြားနိုင်သည့် ပဟေဠိဂိမ်းစနစ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေစသည့် သဘာဝပတ်ဝန်းကျင်ရှိ အရာဝတ္တုများတွင် ထွက်ရှိလျက်ရှိသော ရေဒီယိုသတ္တိကြွမှုကို တိုင်းတာဖော်ပြပေးသည့်စက်၊ နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခု၏ အတွင်းပိုင်းပါဝင်ပစ္စည်းများနှင့် အဆင့်ဆင့်တည်ဆောက်ပုံကို 3D Virtual နည်းပညာဖြင့် ပုံဖော်ပြသသည့်ပုံစံငယ်နှင့် လေအားအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် Wind tubine နမူနာပုံစံငယ်တို့အား အသေးစိတ်ရှင်းလင်းပြောကြားသည်။

ထို့နောက် ဗွီဒီယိုပြခန်းမဆောင်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဂုဏ်ပြုသရုပ်ဖော်ပြသသည့်သီချင်း MTV ၊ အသေး စားလျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖိုများ၏ အရေးပါမှုနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM ၏ အသေးစား လျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖိုတည်ဆောက်မှုအတွေ့အကြုံများ ရှင်းလင်းတင်ပြမှု ဗွီဒီယိုပြကွက်၊ နျူကလီးယားနှင့်ဓာတ်ရောင်ခြည်ဆိုင်ရာ အခြေခံအကြောင်းအရာများကို မြန်မာဘာသာဖြင့် ရှင်းလင်းပြောကြားထားသည့်ပြကွက်များ၊ နျူကလီးယားနည်းပညာဖြင့် ကျန်းမာရေး၊ စွမ်းအင်ထုတ်လုပ်ရေး၊ ပညာရေး၊ စက်မှုလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး ကဏ္ဍအသီးသီးတွင် လက်တွေ့ကျကျအသုံးပြုနေခြင်းဆိုင်ရာ ပိုစတာများကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။  


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)