MNP ၊ မေ ၁၁
ရခိုင်ပြည်နယ်မာန်အောင်မြို့နယ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့နံနက်ပိုင်းကမြို့နယ်ပညာရေးမှူးရုံးရှေ့၌ စိုက်ထူခဲ့ကြကြောင်း သိရသည်။
မာန်အောင်မြို့နယ်တွင်အခြေခံပညာ ကျောင်းပေါင်း (၁၁၈)ကျောင်းနှင့်ကိုယ်ပိုင်အထက်တန်းကျောင်း(၁) ကျောင်းစုစုပေါင်း(၁၁၉)ကျောင်းရှိရာ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ် မြေစိုက်စတာများကို မြို့ပေါ်ရှိ မြို့နယ် ပညာရေးမှူးရုံးရှေ့ မျက်နှာစာတွင်လည်းကောင်း၊ အခြေခံပညာအထက်တန်းကျောင်း များရှေ့တွင်လည်းကောင်း၊ကျောင်းအပ် နှံရေးနေ့မြေစိုက်ပိုစတာများကို စိုက်ထူခဲ့ကြပြီး ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်နေ့မှ
၃၁ရက်နေ့အထိ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ် အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost

No comments:
Post a Comment