ပြည်သူ့ဆက်ဆံရေးဘာသာရပ်(လူထုဟောပြောနည်း)သင်တန်း ဆင်းပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူ့ဆက်ဆံရေးဘာသာရပ်(လူထုဟောပြောနည်း)သင်တန်း ဆင်းပွဲပြုလုပ်




MNP ၊ မေ  ၃၀

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေး၊ ဌာန၏ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာ၌ လုပ်ငန်းရည်မှန်းချက်များ အဆင်ပြေချောမွေ့စေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် ပြည်သူ့ ဆက်ဆံရေး ဘာသာရပ်(လူထုဟောပြောနည်း)သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့၊ နံနက်ပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ဝန်ထမ်းများ အနေဖြင့် ပြည်သူများနှင့် ပြောဆိုဆက်ဆံရာ၌ အထောက်အကူဖြစ်စေရေးနှင့် ဦးစီးဌာန၏ ရည်မှန်းချက် လုပ်ငန်းတာဝန်များ အောင်မြင်စေရေး အတွက် သင်တန်းဖွင့်လှစ် ဆောင်ရွက်ရခြင်းဖြစ်ပြီး သင်တန်းမှ ရရှိခဲ့သည့် ပညာရပ်များဖြင့် လက်တွေ့နယ်ပယ်တွင် ထိရောက်အကျိုးရှိစွာ အသုံးချစေလိုကြောင်း သင်တန်းဆင်းအမှာစကား ပြောကြားသည်။


ယင်းနောက် သင်တန်းတက်ရောက်ခဲ့သည့်ဝန်ထမ်းများက မြို့နယ်အလိုက် လက်တွေ ဟောပြောခြင်းကို သတ်မှတ်ခေါင်းစဉ်အလိုက် ဆွေးနွေးဟောပြောခဲ့ကြရာ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးနှင့် နည်းပြများက အကဲဖြတ်အမှတ်ပေးပြီး အကောင်းဆုံး‌ဟောပြောနိုင်သူအား ရွေးချယ်ပေးခဲ့ကြသည်။


အဆိုပါသင်တန်းသို့ သထုံခရိုင်အတွင်းရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံနှင့် ပေါင်မြို့နယ်တို့မှ ဝန်ထမ်း စု‌စုပေါင်း ၂၃ ဦးတို့ တက်ရောက်ခဲ့ပြီး ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးနှင့် မြို့နယ်ဦးစီးအရာရှိတို့က ပြည်သူ့ဆက်ဆံရေးဘာသာရပ်(လူထုဟောပြောနည်း)အား အွန်လိုင်းမှတစ်ဆင့် မေလ ၂၃ ရက်နေ့မှစတင်ကာ ပို့ချပေးခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)