MNP ၊ မေ ၃၀
ရခိုင်ပြည်နယ်၊အမ်းခရိုင်၊ အမ်းမြို့ နယ်တွင် မြို့နယ်လုံးဆိုင်ရာကျောင်းအပ်နှံရေးသီတင်းပတ်နေ့အခမ်းအနားကို ယနေ့ နံနက် (၉) နာရီက အမှတ်(၃) အခြေခံပညာအထက် တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်း သား၊ ကျောင်းသူ လေးများက မြန်မာကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးမောင်မောင်ခိုင်က နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်နေမှုအခြေအနေများစာ တတ် ရုံမျှမက"ဗလငါးတန်"နှင့်ပြည့်စုံသည့်တိုင်းပြည်အတွက်အားကိုးရသောနိုင်ငံသားကောင်းများပေါ်ထွက်လာစေရန်အတွက်၊စာသင်ကျောင်းသည်အ ကောင်းဆုံး၊အသင့်တော်ဆုံး၊ပညာဆည်းပူးလေ့လာသင်ယူရာဌာနဖြစ်သဖြင့်မိမိတို့၏ရင်သွေးငယ်များမိမိတို့ပတ်ဝန်းကျင်ရှိကလေးငယ်များပညာ သင်ယူမှု့အခွင့်အရေးမဆုံးရှုံးစေရန်ပညာရေးမဝေးစေရနအတွက်"ကျောင်းနေအရွယ်ကလေးများအားလုံးပညာရေးမဝေးစေဖို့ကျောင်းအမြန်အပ်နှံစို့" ဆောင် ပုဒ်နှင့်အညီအချိန်မှီကျောင်းအပ်နှံကြပါရန်နှင့်ပြည်သူလူထုအနေဖြင့်အမျိုးသားရေးတာဝန်တရပ်အဖြစ်ပူး ပေါင်းပါဝင်ကြရန်တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ အမ်းခရိုင်ပညာရေးမှူး ဒေါ်တင်တင်မြင့်က ကျောင်းအပ်နှံရာ တွင် ဆရာ၊ ဆရာမများ သိရှိထားသည့် အချက်များနှင့် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို ရှင်းလင်းဆွေး နွေးပြီး အထက (၁)ကျောင်းသူများကပန်းကမ္ဘာမျှော်စင်၊ရိုးမရံစီ သီချင်းဖြင့်လည်းကောင်းအထက( ၃)မှကျောင်းသူများက လည်စောင်လာပါ ပြည်ဓညာသီချင်းဖြင့်လည်းကောင်းသီဆိုဖျော်ဖြေခဲ့ ကြပြီး နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် သင်ရိုးညွှန်း တမ်းစာအုပ်များနှင့် ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ဆင်းရဲချို့တက်သောကျောင်းသားကျောင်းသူများအားပေးအပ်ရာကျောင်းသားကျောင်းသူများကလက် ခံရယူခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment