ရသေ့တောင် မြို့နယ် ၌(မိုခါ)မုန်တိုင်းကြောင့်ထိခိုက်ပျက်စီးမှုများခဲ့သော လမ်းများမှအပျက်အစီးများ စွန့်ပစ်အမှိုက်များ အားဌာနဆိုင်ဝန်ထမ်းများကစုပေါင်း အမှိုက်ကောက် သန့်ရှင်းရေးလုပ်အားပေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင် မြို့နယ် ၌(မိုခါ)မုန်တိုင်းကြောင့်ထိခိုက်ပျက်စီးမှုများခဲ့သော လမ်းများမှအပျက်အစီးများ စွန့်ပစ်အမှိုက်များ အားဌာနဆိုင်ဝန်ထမ်းများကစုပေါင်း အမှိုက်ကောက် သန့်ရှင်းရေးလုပ်အားပေးဆောင်ရွက်





MNP ၊ မေ  ၂၄

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ရသေ့တောင်မြို့တွင်၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့ကတိုက်ခတ်ခဲ့သော အလွန်ပြင်းအားကြီးသော(မိုခါ)ဆိုင်ကလုန်းမုန်တိုင်းကြောင့်ရသေ့တောင်မြို့၌ ထိခိုက်ပျက်စီးမှုများခဲ့သဖြင့် တစ်မြို့နယ်လုံးနီးပါးထိခိုက်ပျက်စီးခဲ့ရပြီး အပျက်အစီးအမှိုက်သရိုက်များအားနေ့စဥ်ရှင်းလင်းဆောင်ရွက်ခဲ့ကြရာယနေ့ နံနက်ပိုင်းက ရသေ့တောင်မြို့တောင်ရင်းတန်းရပ်ကွက်ရှိ ဦးဥတ္တမလမ်းနှင့်ဘုရားကြီးလမ်းများမှအမှိုက်သရိုက်များကို မြို့ပေါ်ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များမှစုပေါင်းသန့်ရှင်းရေးအမှိုက်ကောက်ခြင်း၊ လိုက်လံသိမ်းဆည်းခြင်း၊မီးရှို့ခြင်းများဆောင်ရွက်ခဲ့ကြသည်။


 စွန့်ပစ်အမှိုက်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများကမော်တော်ယာဉ်များဖြင့် သတ်မှတ်နေရာသို့ စနစ်တကျ စွန့်ပစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)