ပေါင်မြို့နယ်တွင် ပညာသင်ယူခွင့်ရရှိဖို့ကျောင်းအပ်နှံကြပါစို့ အသိပညာပေး(Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ပညာသင်ယူခွင့်ရရှိဖို့ကျောင်းအပ်နှံကြပါစို့ အသိပညာပေး(Talk Show) ပြုလုပ်


MNP ၊ မေ  ၂၄

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် ပညာသင်ယူခွင့်ရရှိဖို့ကျောင်းအပ်နှံကြပါစို့ အသိပညာပေး(Talk Show) ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယနေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက  ( Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး   မြို့နယ်ပညာရေးမှူးဒေါ်စန်းစန်းအေးက ကျောင်းအပ်နှံရေးကိုသတ်မှတ်ထားသည့်ကာလများ၊ပညာရေးသည်နိုင်ငံအနာဂတ်အတွက်နှင့် ကျောင်းသား၊ကျောင်းသူများ၏အနာဂတ်မြင့်မားတိုးတက်ရေးအတွက်မဖြစ်မနေဆောင်ရွက်ရမည့်အကြောင်းအရာများ၊ပညာတတ်မြောက်ရေးအတွက် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရန် စီစဉ်ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ပညာသင်ကြားမှုပျက်ကွက်၍ဘဝအခြေအနေအခက်အခဲ  အကြောင်းအမျိုးမျိုးကြောင့်ပညာမသင်ကြားနိုင်သူများအားစီစဉ်ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊အသေးစိတ်ရှင်းလင်းကြပြီး လိုက်နာရမည့်အချက်များကိုလည်းကောင်း စသည့်ပြည်သူများ သိသင့်သိထိုက်သောအကြောင်းအရာများကိုဆွေးနွေးခဲ့ကြောင်း သိရသည်။


ပေါင်မြို့နယ်တွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်‌လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)