နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး








MNP ၊ ဇွန်  ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့က ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်အတွင်း စိုက်ပျိုးမွေးမြူ ရေးဆောင်ရွက် ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ညောင် နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန် အစည်းအဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးအထူးဇုန် သမိုင်းအကျဉ်း၊ ဇုန်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အပိုင်းလိုက်ခွဲခြား ဆောင်ရွက်ထားရှိမှု၊ ဇုန်အလိုက်စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများဆောင်ရွက် လျက်ရှိမှုနှင့် အသီးအနှံများ၊ အသား၊ နွားနို့နှင့် ဥများ ထုတ်လုပ်ရောင်းချပေးနိုင်မှု၊ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် လာရောက်ခဲ့သည့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိမှု၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်လအတွင်းနှင့် တစ်နှစ်အတွင်း အသား၊ ငါး ထုတ်လုပ်နိုင်မှုနှင့် စားသုံးနိုင်မှု ပျဉ်းမျှစစ်တမ်းအရ တွက်ချက်ထားရှိမှု၊ စိုက်ပျိုးမွေးမြူ ရေးအထူးဇုန်အတွင်း လမ်းများစနစ်တကျရှိစေရေး ပြုပြင် ဆောင်ရွက်ပြီးစီးမှု အခြေ အနေများနှင့် စိုက်ပျိုးမွေးမြူရေးဇုန်ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားမည့် အခြေအနေများ၊ တိုက်ကြီးမြို့နယ်နှင့် တွံ့တေးမြို့နယ် တို့၌ မွေးမြူရေးဇုန်များ ဖော်ထုတ်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဇုန်အတွင်း စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ရန်အတွက် ခွင့်ပြုပေးထား သည့် မြေများကို ပြည့်ဝစွာစိုက်ပျိုးမွေးမြူရန်နှင့် စိုက်ပျိုးမွေးမြူရေးနှင့် မသက်ဆိုင်သည့် မြေအသုံးချမှုများမရှိစေရေး တာဝန်ရှိသူများက စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်လို ကြောင်း၊ ပုဂ္ဂလိက စီးပွားရေးလုပ်ကိုင်သူများအနေဖြင့် နိုင်ငံတော်မှ ခွင့်ပြုပေးထားသည့် စိုက်ပျိုးမွေးမြူရေးမြေနေရာများပေါ်တွင် အမှန်တကယ် စိုက်ပျိုးမွေးမြူမှုများ ဆောင် ရွက်စေရေး စည်းကမ်းနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေး မြေများ ကို အကျိုးရှိရှိအသုံးချစေရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင် ရွက်ရာ တွင် မိရိုးဖလာစိုက်ပျိုးခြင်းထက် ခေတ်မီစိုက်ပျိုးရေးစနစ်များကို အသုံးချ၍ ကျစ်ကျစ် လစ်လစ်ဖြင့်ပြည့်ဝစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လည်း နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ စိုက်ပျိုးနိုင်မှသာရန်ကုန်တိုင်းဒေသကြီး အတွက်ဖူလုံနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးထုတ် လုပ်မှုများများပြားမှသာ ဒေသအတွက် ဝင်ငွေများပိုမိုရရှိနိုင်မည်ဖြစ်‌သဖြင့် တာဝန်ရှိသူ များအနေဖြင့် စိုက်ပျိုးတောင်သူများကို  အသိပညာပေးဆောင်ရွက်နေရန်လိုကြောင်း၊ ဇုန်အတွင်းရှိ ကုန်ထုတ်လမ်းများကိုလည်း စနစ်တကျရှိစေရေး ဆောင်ရွက်သွား ရန်လို ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြမှုများအပေါ် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် စိုက်ပျိုး မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေးပြောကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Green Light စိုက်ပျိုးမွေးမြူခြံသို့ရောက်ရှိကြရာ တာဝန်ရှိသူတစ်ဦးက စိုက်ပျိုးမွေးမြူ‌ရေးခြံအတွင်း ဥစားကြက်များ၊ ငါးများနှင့် နှစ်ရှည်သီးနှံပင်များ စိုက်ပျိုး ထားရှိမှု၊ ငါးသားပေါက်များမွေးမြူခြင်းနှင့် ပျိုးပင်များစိုက်ပျိုးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း မွေးမြူရေးတိရစ္ဆာန်အစာများကို ဒေသ တွင်းမှထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များဖြင့် လုံလောက်စွာထုတ်လုပ်နိုင်ရန်လို ကြောင်း၊ အလားတူ ကြက်သားပေါက်များကိုလည်း ဒေသတွင်းလုံလောက်စွာထုတ်လုပ် နိုင်ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံတကာ သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ ဆောင်ရွက်ရန်လိုကြောင်းဖြင့် ပြောကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စိုက်ပျိုးမွေးမြူရေးခြံအတွင်း ဥစားကြက်များမွေးမြူထားရှိမှု၊ ငါးမွေး မြူထားရှိမှုနှင့် ဒူးရင်းပင်အပါအဝင်နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးထားရှိမှုအခြေအနေများ ကို လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သိရှိလိုသည်များ မေးမြန်းပြီး လိုအပ်သည် များကို အကြံပြုဆွေးနွေးပြောကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်အတွင်း ခေတ်မီမွေးမြူရေး စနစ်ဖြင့် မွေးမြူထားရှိသည့် ပုဂ္ဂလိက ဥစားကြက်မွေးမြူရေးခြံနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့အစီအစဉ်ဖြင့် မွေးမြူထားရှိသည့်ဆိတ်မွေးမြူရေးခြံနှင့် စိုက်ပျိုးခြံများကို သွား ရောက်ကြည်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး ဟင်းသီးဟင်းရွက်လက်ကားဈေး၊ ဈေးရုံအမှတ်(၂)၌ ဒေသခံပြည်သူ များ ဟင်းသီးဟင်းရွက်ရောင်းချနေမှုများကို ကြည်ရှုအားပေးခဲ့ကြောင်းသတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)