သဘာဝဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး စေတနာရှင်၊ အလှူရှင်များ ၏ လှူဒါန်းမှု သိန်းပေါင်း (၂၁၈၉၈၅) သိန်း ရရှိပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဘာဝဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး စေတနာရှင်၊ အလှူရှင်များ ၏ လှူဒါန်းမှု သိန်းပေါင်း (၂၁၈၉၈၅) သိန်း ရရှိပြီးဖြစ်


















MNP ၊ မေ ၂၀

မိုခါမုန်တိုင်းဒဏ်ကြောင့် ဆိုးဆိုးရွားရွားပျက်စီးဆုံးရှုံးခဲ့သော ရခိုင်ပြည်နယ်အတွက် နိုင်ငံတော်ဝန်ကြီးချုပ် က ဦးဆောင်၍ မူလအခြေအနေထက် ကောင်းမွန်းသောအခြေအနေသို့ ရောက်ရှိအောင် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိပြီး စေတနာရှင်အလှူရှင်များ ပူးပေါင်းပါဝင် လှူဒါန်းနိုင်ရန်အတွက်လည်း တိုက်တွန်းနှိုးဆောင်ခဲ့သည်။

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် (၁၅-၅-၂၀၂၃) ရက်နေ့က စေတနာရှင် အလှူရှင်များ၏ ပူးပေါင်းထည့်ဝင် လှူဒါန်းမှု ငွေကျပ်သိန်းပေါင်း( ၁၃၁၈၁၀) ရရှိခဲ့ပြီး (၂၀-၅-၂၀၂၃) ရက်နေ့တွင် စေတနာရှင် အလှူရှင်များ၏ လှူဒါန်းငွေ သိန်းပေါင်း(၈၇၁၇၅) ထပ်မံ ရရှိခဲ့ပြီး စေတနာရှင် အလှူရှင်များ၏ စုစုပေါင်း လှူဒါန်းငွေ သိန်းပေါင်း(၂၁၈၉၈၅) ရရှိထားပြီးဖြစ်သည်။

(၁၅-၅-၂၀၂၃) ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ နိုင်ငံတော်ဝန်ကြီးချုပ် သွားရောက်ခဲ့ပြီး ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီထံ ငွေကျပ်သိန်းပေါင်း(၇၀၀၀၀) ပေးအပ်ခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)