ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ အ.ထ.က(အင်္ဂပူ) ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ အ.ထ.က(အင်္ဂပူ) ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး






MNP ၊ မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ရှေ့ဦးစွာ အ.ထ.က (အင်္ဂပူ) ကျောင်းဆောင်သစ်ဖွင့်ပွဲမုဒ်ဦးအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့် လူမှု‌ရေးဝန်ကြီး ဦးမောင်မောင်သန်း၊ မြန်‌‌အောင်ခရိုင် ပညာ‌ရေးမှူး ဦးမြင့်အောင်နှင့် မြို့မိမြို့ဖဦးဝင်းမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ဆက်လက်၍ ဝန်ကြီးချုပ်မှ အလှူငွေကျပ်(၅)သိန်းပေးအပ်ရာ မြို့နယ်ပညာရေးမှူး ဦးလှထွဋ်က လက်ခံရယူခဲ့ပြီး စု‌ပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ထို့နောက်တိုင်းဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များမှ ကျောင်းဆောင်သစ် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး ကျောင်းဆောင်သစ်နှင့် စာသင်ခန်းများအား လှည့်လည်ကြည့်ရှုခဲ့သည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များ၊ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ၊ ဆရာမများနှင့်‌ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းနှင့် ကျောင်းဆောင်သစ် (အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေ)အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်(၇၂.၆) သန်းဖြင့် ဆောက်လုပ်ခဲ့ကြောင်း သိရသည်။


မန်းကျော်

#MyanmarNationalPost

No comments:

Post a Comment