သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိ





MNP ၊ မေ ၁၉

သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း ကျောက်ဖြူမြို့တွင် အခြေပြု လျက်ရှိသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ကျောက်ဖြူမြို့၊ ပြင်ဖြူမော် ရပ်ကွက် ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီး ခဲ့ရသည်များကို လိုအပ်သည့် ရှင်းလင်းရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးခြင်း၊  စားသောက်ဖွယ်ရာများ လှူဒါန်းပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ယာဉ်အုပ်စု တွင် ပါဝင်သည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကလည်း လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကိုဆောင်ရွက်ပေးသည်။ 


ပုဏ္ဏားကျွန်းမြို့တွင် ရောက်ရှိအခြေပြုလျက်ရှိသည့် ကူညီကယ်ဆယ် ရေးအဖွဲ့ များသည် ပုဏ္ဏားကျွန်းမြို့၊ ပြည်သူ့ဆေးရုံရှေ့၌ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီး ခဲ့မှုများအား ဝိုင်းဝန်းရှင်းလင်းဆောင်ရွက်ပေးခြင်း၊ ကူညီကယ်ဆယ်ရေး ထောက်ပံ့ ပစ္စည်းများပေးအပ်ခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင် ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိသည်။   


ထို့ပြင် ကျောက်တော်နှင့် မြောက်ဦးမြို့သို့ ရောက်ရှိနေသည့် ကူညီ ကယ်ဆယ် ရေးအဖွဲ့များသည်လည်း ယနေ့တွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ရေသန့်ယာဉ်၊ ရေသယ်ယာဉ်များဖြင့် သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်နေသော နေရာများသို့ ရေပေးဝေခြင်း၊ ကူညီကယ်ဆယ်ရေး ထောက်ပံ့ ပစ္စည်းများပေးအပ်ခြင်း များကို ဆောင်ရွက်ပေးလျက်ရှိသည်။        


၎င်းအပြင် ပခုက္ကူမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည်  ယနေ့တွင် ပုဂံ-ညောင်ဦး-ပခုက္ကူသွား ကားလမ်းမဘေးတစ်လျှောက်တွင် မုန်တိုင်း ဒဏ်ကြောင့် လဲကျနေသည့်သစ်ပင်ကြီးများအား ရှင်းလင်းပေးပြီး လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိသည်။


ကျန်ရှိသည့်  သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးယာဉ်အုပ်စုများ အနေ ဖြင့် ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့တို့၌ ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးအတွက် လမ်းကြောင်းတစ်လျှောက် သစ်ပင်သစ်ကိုင်း ပိတ်ဆို့လဲကျနေမှုများအား ဖယ်ရှား ရှင်းလင်းခြင်း၊ မြေပြိုပိတ်ဆို့မှုများအား ရှင်းလင်းခြင်း၊ ရေလမ်းခရီးဖြင့် သွားလာရမည့် ဒေသများသို့ သွားလာနိုင်ရေး ရေယာဉ်များပေါ်သို့ ရွှေ့ပြောင်းခြင်းတို့ကို ပြုလုပ်၍ အမြန်ဆုံး ရောက်ရှိနိုင်ရေး ဆက်လက်ချီတက်လျက်ရှိကြောင်း သိရှိရသည်။


ထို့ပြင် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုများအရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ဆေးဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ဆေးတပ်ဖွဲ့ဝင်များ ဖြင့် ဖွဲ့စည်းထားသည့် အထူးဆေးကုသရေးအဖွဲ့သည် မေ ၁၆ ရက်တွင် စစ်တွေမြို့သို့ ရောက်ရှိခဲ့ပြီး စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်၌ ယာယီဆေးရုံ ဖွင့်လှစ်၍ နယ်မြေခံ ကျန်းမာရေးများနှင့် ပူးပေါင်း၍ ဆေးကုသမှုပေးရန် လိုအပ်သော သဘာဝဘေး ဒဏ် သင့်ပြည်သူများအား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)