နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပျဉ်းမနားမြို့၊ မေတ္တာကန် သဲနုန်းများ ရာနှုန်းပြည့်တူးဖော်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပျဉ်းမနားမြို့၊ မေတ္တာကန် သဲနုန်းများ ရာနှုန်းပြည့်တူးဖော်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး




MNP ၊ မေ ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့၊ မေတ္တာကန် သဲနုန်းများ ရာနှုန်းပြည့်တူးဖော်ပြီးစီးမှု အခြေအနေများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးမြင့်စိုး၊ ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်နှင့် အဖွဲ့သည် မေတ္တာကန်သို့ ရောက်ရှိရာ နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက် ရေး(၅)မှ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က မေတ္တာကန်အတွင်း ရေစုကန်တူးဖော်ခြင်းနှင့် ရေခေါ်မြောင်းဖောက်လုပ်ခြင်း၊ ကန်အားနေပူလှန်း၍ ခြောက်သွေ့အောင်ထားခြင်း၊ နုန်းများအား တူးဖော်၍ စုပုံခြင်း၊ စုပုံထားသော မြေများကို ခြောက်သွေ့အောင်ထားခြင်းနှင့် သယ်ဆောင်စွန့်ပစ်ခြင်း စသည့် လုပ်ငန်းစဉ်များကို စက်ယန္တရားများဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က မေတ္တာကန် ပြန်လည်သန့်ရှင်းသာယာလှပရေးကို ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများက ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ ကန်ပတ်လမ်းတစ်လျှောက်တွင် အရိပ်ရသစ်ပင်၊ ပန်းပင်များ စိုက်ပျိုးစေလိုကြောင်းနှင့် လိုအပ်သည်များကို မှာကြားခဲ့သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန်နှင့် မေတ္တာကန်အတွင်း သဲနုန်းတူးဖော်ရေးတွင် ကူညီဆောင်ရွက်ပေးခဲ့သည့် နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး (၅)မှ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်နှင့် တာဝန်ရှိသူများထံ ဂုဏ်ပြုငွေကျပ် ၃၀ သိန်းအား ပေးအပ်ခဲ့ကြောင်း သိရသည်။


မျိုးသီဟ

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)