မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ လေဘေးသင့် ပြည်သူများအတွက်(ပထမအကြိမ်)အလှူငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ လေဘေးသင့် ပြည်သူများအတွက်(ပထမအကြိမ်)အလှူငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက်





မော်လမြိုင် မေ ၁၉

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါဖြတ်သန်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ လေဘေးသင့် ပြည်သူများအတွက် (ပထမအကြိမ်) အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖနှင့် အလှူရှင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့များ တက်ရောက်သည်။


ရှေးဦးစွာ မွန်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါဖြတ်သန်းတိုက်ချုက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ လေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ပြည်နယ်အတွင်းရှိ ပြည်သူများ၊ အလှူရှင်များပူးပေါင်းကာ အလှူငွေများနှင့် ထောက်ပံ့ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သောဒေသများရှိ ဘေးသင့်ပြည်သူများအတွက် စားသောက်၊ နေထိုင်မှုများ အဆင်ပြေချောမွေ့စေရေး စာနာကူညီသောစိတ်ဖြင့် လှူဒါန်းပေးကြသူများ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ပေးအပ်လှူဒါန်းသည့် အလှူငွေများအားလည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်းတပ်ဖွဲ့များမှ ပေးအပ်လှူဒါန်းသည့် အလှူငွေများအား  ပေးအပ်လှူဒါန်းခဲ့သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ လေဘေးသင့်ပြည်သူများအတွက် ပြည်နယ်အတွင်းရှိ အလှူရှင်များက အလှူငွေများနှင့် ထောက်ပံ့ရေးပစ္စည်းများ အသီးသီးပေးအပ်လှူဒါန်းခဲ့ကြမှုအပေါ် လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။


မွန်ပြည်နယ်မှ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ လေဘေးသင့်ပြည်သူများအတွက် (ပထမအကြိမ်)အဖြစ် စုပေါင်းလှူဒါန်း ငွေကျပ်(၃၄၀၀၇၂၁၅၀)  အပါအဝင် ဆန်၊ ဆား၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ရေသန့်ဗူးနှင့် ထောက်ပံ့ရေးပစ္စည်းများ စုစုပေါင်းလှူဒါန်းငွေကျပ် (၃၉၀၀၇၂၁၅၀) လက်ခံရရှိခဲ့ကြောင်း သိရှိရသည်။


သက်နိုင်(မော်လမြိုင်)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)