ပေါင်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးသီးနှံ တောင်သူပညာပေးဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးသီးနှံ တောင်သူပညာပေးဆွေးနွေးပွဲကျင်းပ






MNP ၊ မေ  ၂၉

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင်စိုက်ပျိုးရေးဦးစီးဌာနမှကျင်းပပြုလုပ်သော မိုးစပါးသီးနှံတောင်သူပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက  ကျုံဟော် ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ စိုက်ပျိုးရေဦးစီးဌာနမှဒုတိယဦးစီးမှူး ဒေါ်‌သန်းသန်း‌ဌေးမှ စပါးသီးနှံ တစ်ဧကအထွက်နှုန်းတိုးတက်မြင့်မားရေး၊ နည်းမှန်၊ လမ်းမှန်စိုက်ပျိုးကြရေးနှင့်သီးနှံကာကွယ်ရေးတာဝန်ခံများမှ စပါးသီးနှံတွင် သုံးစွဲသင့်သည့် မြေသြဇာ အချိုးအစားနှုန်းထားများနှင့်သီးနှံဖျက်ပိုးများအား  ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းစဉ်များ၊ လိုအပ်‌သည့် နည်းပညာအထောက်အပံ့များကိုစိုက်ပျိုးရေးဦးစီးဌာန၌ လာရောက်မေးမြန်းနိုင်ကြောင်း ဆွေးနွေးအမှာစကားပြောကြားသည်။


ထို့နောက် သီးနှံကာကွယ်ရေးတာဝန်ခံများမှ စပါးသီးနှံတွင် ကျရောက်တတ်သော ပိုးမွှားရောဂါများအားကြိုတင်ကာကွယ်ခြင်းလုပ်ငန်းစဉ်များအားနှီးနှောဖလှယ်ဆွေးနွေးခဲ့ကြသည်။


အဆိုပါဆွေးနွေးပွဲတွင် ကျုံဟော်ကျေးရွာမှ တောင်သူစုစုပေါင်း (၄၄)ဦးခန့် တက်ရောက်ခဲ့ကြပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက  မိုးစပါးသီးနှံတောင်သူပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)