MNP ၊ မေ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ မောက်ကိုဆွဲ့ ခန်းမ(၄) တွင် ယမန်နေ့ ညနေ ၄ နာရီအချိန်က စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ ဒေသခံပြည်သူများအား အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မူဆယ်မြို့၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဒုတိယဗိုလ်မှူးကြီး ဦးဟန်ဝင်းဇော်က ရပ်ကွက်တိုင်းတွင် လုံခြုံရေးအဖွဲ့များ ထားရှိဖို့ရန်၊ နွေကာလတွင် ကျောင်းများ ပြန်ဖွင့်တော့မည်ဖြစ်၍ သန့်ရှင်းရေးများ လုပ်ထားဖို့ရန် အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး မူဆယ်မြို့ ပြည်သူ့ဆေးရုံ၊ ကျန်းမာရေးဌာနမှ ဒေါက်တာအောင်ကျော်ဇောကလည်း နွေရာသီကာလတွင် ဝမ်းပျက်၊ ဝမ်းလျောများ အဖြစ်များ၍ လက်များကို စင်ကြယ်စွာ သန့်စင်ဆေးကြောရန်၊ မိဘပြည်သူများမှ မိမိသားသမီးများကို ဂရုစိုက်ကြရန်၊ လတ်တလောဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ အကြောင်းအရာများကို ဟောပြောခဲ့သည်။ယင်းနောက် မူဆယ်မြို့မရဲစခန်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ မူးယစ်တပ်ဖွဲ့စု၊ရဲမှူး ဦးထွန်းထွန်းဦးက မူးယစ်ဆေးဝါး အမျိုးအစားအကြောင်းအရာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် နောက်ဆက်တွဲဖြစ်တတ်သော ဆိုးကျိုးများ၊ မူးယစ်ဆေး ဝါးရောင်းဝယ်မှုကြောင့်လည်း ကျခံရနိုင်သော ပြစ်မှု၊ ပြစ်ဒဏ်များ အကြောင်းအရာတို့ကို ဟောပြောခဲ့ပြီး လူကုန်ကူးမှု တာဆီးနှိမ်နင်းရေးမှ ရဲတပ်ဖွဲ့ဒုရဲမှူး ဦးအောင်မျိုးထက်ကလည်း လူကုန်ကူးမှု အကြောင်းအရာများဖြစ်သည့် အဓိကလူကုန်ကူး ခံရခြင်းမှာ နိုင်ငံခြားရွှေ့ပြောင်းအလုပ်လုပ်ကိုင်ခြင်းကြောင့် လူကုန်ကူးမှုခံရခြင်း အများဆုံးဖြစ်ကြောင်း၊ လူကုန်ကူးခံရသည်မှာ အသက်အရွယ်မရွေး ကူးခံရနိုင်ကြောင်း၊ လူကုန်ကူးသူများလည်း ကျခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်ဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်ပြီး မူဆယ်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစန်းလွင်ကလည်း အိမ်ထောင်စုလူဦးရေစာရင်း၊ ပန်းခင်းစီမံချက်နှင့်ပက်သက်၍ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့အပြင် မူးယစ်ဆေးဝါး ဆိုင်ရာအန္တရာယ် အသိပညာပေးနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို တက်ရောက် လာသော ရဲတပ်ဖွဲ့များမှ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို အခမ်းအနားကို မူဆယ်မြို့နယ် ဌာနဆိုင်ရာများနှင့်အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်မိဘပြည်သူများ စုစုပေါင်း(၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment