နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နှစ်စဉ်စီမံကိန်း ရည်မှန်းချက်တာဝန်ပေးအပ်ပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နှစ်စဉ်စီမံကိန်း ရည်မှန်းချက်တာဝန်ပေးအပ်ပွဲ အခမ်းအနားတက်ရောက်





MNP ၊ မေ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်စဉ်စီမံကိန်းရည်မှန်းချက် များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ကို ရေးဆွဲရာတွင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၏ စာရင်းကိန်းဂဏန်းများအရ ၆ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်မှု ရရှိလာရန် ရည်မှန်းထားကြောင်း၊ နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက် ပန်းတိုင်အဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများနှင့်အညီ သက်ဆိုင်ရာဌာနများမှလည်း စီမံကိန်း ဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီသုံးစွဲကြစေလိုကြောင်း၊ နှစ်စဉ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများအနေဖြင့် လုပ်ငန်းများကို ထိရောက်ပြီး အရည်အသွေး ပြည့်မီစေရေးကို အလေးထားဆောင်ရွက်သွားရန်၊ မိမိတို့ ဒေသအတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဖွံ့ ဖြိုးတိုးတက်အောင် ပိုမိုကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်  နှစ်စဉ် စီမံကိန်းရည်မှန်းချက်များကိုလည်းကောင်း၊ နေပြည်တော်စီမံကိန်းဦးစီးရုံး ညွှန်ကြားရေးမှူး ဦးဝင်းကြည်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်  နှစ်စဉ်စီမံကိန်းရည်မှန်းချက်များတွင် ကဏ္ဍများ အလိုက် ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က လယ်ယာကဏ္ဍကြီး စီမံကိန်းရည်မှန်း ချက်များကို သက်ဆိုင်ရာဌာနများကိုယ်စား နေပြည်တော်စိုက်ပျိုးရေးဦစီးဌာနသို့ တာဝန်ပေးအပ်ရာ နေပြည်တော်စိုက်ပျိုးရေးဦစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းထိန်က လက်ခံရယူသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က စက်မှုကဏ္ဍကြီး စီမံကိန်းရည် မှန်းချက်များကို သက်ဆိုင်ရာဌာနများကိုယ်စား နေပြည်တော်စက်မှုကြီးကြပ်နှင့်စစ်ဆေးရေး ဦးစီး ဌာနသို့ လည်းကောင်း၊   နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ဝန်ဆောင်မှုကဏ္ဍကြီး စီမံကိန်းရည်မှန်းချက်များကို သက်ဆိုင်ရာဌာနများကိုယ်စား နေပြည်တော်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့လည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်များ၏ စီမံကိန်းရည်မှန်းချက်များကို ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌထံသို့လည်းကောင်း၊   နေပြည်တော်ကောင်စီအဖွဲ့ဝင် ရဲမှူးကြီး ကိုကိုလွင်က ဇေယျာသီရိ ခရိုင်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်များ၏ စီမံကိန်းရည်မှန်းချက်များကို ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံသို့လည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်း ဆိုင်က  ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်များ၏ စီမံကိန်း ရည်မှန်းချက်များကို ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံသို့လည်းကောင်း၊ နေပြည်တော် ကောင်စီ၊ အတွင်း ရေးမှူးဦးတင်မောင်ဆွေမှ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ဒက္ခိဏသီရိ မြို့နယ်များ၏ စီမံကိန်းရည် မှန်းချက်များကို လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံသို့ လည်းကောင်း တာဝန်ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က တာဝန်ပေးအပ်ပြီးသည့် နှစ်စဉ် စီမံကိန်းရည်မှန်းချက်များကို သတ်မှတ်ကာလအတွင်း အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်းဖြင့် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။


ထွန်းထွန်းဝင်း

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)