ရသေ့တောင် မြို့၌ (မိုခါ)မုန်တိုင်းကြောင့် ပျက်စီးသွားသော ဓာတ်အားလိုင်းနှင့်ထရန်စဖော်မာများကိုပြန်လည်ပြုပြင်တပ် ဆင်လျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင် မြို့၌ (မိုခါ)မုန်တိုင်းကြောင့် ပျက်စီးသွားသော ဓာတ်အားလိုင်းနှင့်ထရန်စဖော်မာများကိုပြန်လည်ပြုပြင်တပ် ဆင်လျှက်ရှိ




MNP ၊ မေ  ၂၅

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ ရသေ့တောင်မြို့တွင်(မိုခါ)မုန်တိုင်းကြောင့် ပျက်စီးပြိုလဲသွားသော ဓာတ်အားလိုင်းများ၊ဓာတ်တိုင်များ နှင့် ထရန်စဖော်မာများကိုမန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှဝန်ထမ်း(၆၀)ဦးဖြင့် လမ်းများအလိုက်ရှင်းလင်းဆောင်ရွက် ပြီးလျှပ်စစ်ဓာတ်အားများပုံမှန်ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ကျိုးပြတ်သွားသောဓာတ်အားလိုင်းများအား ပြန်လည်ပြုပြင်တည်ဆောက်ခြင်းများကိုတက်ညီလက်ညီဆောင်ရွက်လျှက်ရှိသည်။


ရသေ့တောင်မြို့တွင် မိုခါ မုန်တိုင်းမှာအားအလွန်ပြင်းသဖြင့်ထိခိုက်ပျက်စီးမှုများခဲ့သဖြင့် တစ်မြို့နယ်လုံးနီးပါးထိခိုက်ပျက်စီးခဲ့ရာလျှပ်စစ်ဓာတ်တိုင်များပြိုလဲခြင်း၊ထရန်စဖော်မာများပြိုပျက်ခြင်း၊ဓာတ်ကြိုးလိုင်းများပြုတ်ကျခြင်းကိုရှင်းလင်းဆောင်ရွက်ပြီး လျှပ်စစ်ဓာတ်အားများပုံမှန်ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက်ဆက်လက်ဆောင်ရွက်ခဲ့ရာ မြို့တွင်းတည်ဆောက်တပ်ဆင်ရေးတွင် ယနေ့အချိန်ထိ ၆၀ ရာခိုင်နှုန်းခန့်ဆောင်ရွက်ပြီးစီးမှုရှိကြောင်းသိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)