ညောင်လေးပင်မြို့နယ်တွင် လေဘေးသင့်ပြည်သူများအားထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်လေးပင်မြို့နယ်တွင် လေဘေးသင့်ပြည်သူများအားထောက်ပံ့




MNP ၊ မေ  ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် လေဘေးသင့်ခဲ့သော ပြည်သူများ အတွက် ထောက်ပံ့ပေးခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။


ထောက်ပံ့ပေးအပ်ရာတွင် (၂၃.၅.၂၀၂၃) ရက်နေ့၊ (၂၄-၅-၂၀၂၃) ရက်နေ့တို့၌ ညောင်လေးပင်မြို့နယ်၊ မုက္ခမူကျေးရွာ၊ ပုဇွန်မြောင်းကျေးရွာနှင့် မြို့မ(၁)ရပ်ကွက် တို့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် အမိုးလန်နေအိမ် (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၂၁၅၀၀၀)ကျပ်၊ လူဦးရေ(၂၀)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂၀၀၀) ကျပ် စုစုပေါင်း (၂၅၇၀၀၀) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)