ဖျာပုံမြို့ နယ်တွင်ပန်းခင်းစီမံချက် (၂) အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့ နယ်တွင်ပန်းခင်းစီမံချက် (၂) အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်





MNP ၊ မေ  ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်​သမိန်ထောသိမ်ကုန်းကျေးရွာတွင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ ၊ပြည်သူများအားလူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်" လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် (၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က သမိန်ထောသိမ်ကုန်းကျေးရွာ၊အုပ်ချုပ်ရေးမှူးရုံးတွင်ပြုလုပ်ပေးခဲ့သည်။


ထိုသို့ပန်းခင်းစီမံချက် (၂) အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ရာတွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှမြို့နယ်လက်ထောက်လဝကမှူး ဦးဇင်အောင်နှင့်ဝန်ထမ်းများက သမိန်ထောသိမ်ကုန်းကျေးရွာအတွင်းရှိ နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူ ပြည်သူများအား အသက် (၁၀) နှစ်ပြည့်ပြီးသူနှင့်အသက် (၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး၊ မြို့နယ်အတွင်းရပ်ကွက်/ ကျေးရွာများကိုလည်း၊ နေ့ရက်အလိုက်နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများကို ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ သိရှိရသည်။


အောင်ဝင်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)