ရသေ့တောင် မြို့၌ ရှာဖွယ်ကယ်ဆယ်ရေးအဖွဲ့များရှင်းလင်းဆောင်ရွက်မှုများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်များအားစနစ်တကျသိမ်းဆည်းဆောင်ရွက်လျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင် မြို့၌ ရှာဖွယ်ကယ်ဆယ်ရေးအဖွဲ့များရှင်းလင်းဆောင်ရွက်မှုများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်များအားစနစ်တကျသိမ်းဆည်းဆောင်ရွက်လျှက်ရှိ





MNP ၊ မေ  ၂၅

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌မိုခါမုန်တိုင်းမှာအားအလွန်ပြင်းသဖြင့်ထိခိုက်ပျက်စီးမှုများခဲ့ပြီး၊မုန်တိုင်းကြောင့်မြို့ပေါ်တွင်လည်းအပျက်အစီးများခဲ့ရာ ပဲခူးတိုင်းဒေသကြီးမီးသတ်တပ်မှဖွဲ့ရှာဖွယ်ကယ်ဆယ်ရေးအဖွဲ့များမှလမ်းအလိုက်သစ်ပင်၊သစ်ခတ်များခုတ်လှဲဖယ်ရှားခြင်းများဖြင့်ရှင်းလင်းဆောင်ရွက်ခဲ့ကြပြီး ကျန်ရှိခဲ့သည့်အမှိုက်သရိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်မအေးသန်းဦးဆောင်၍ စည်ပင်ဝန်ထမ်းများမှ အမှိုက်များအားစနစ်တကျ ကားကြီးများဖြင့်ဖယ်ရှားဆောင်ရွက်ခဲ့၍ ယနေ့နံနက်ပိုင်းက အရှေ့တောင်ရပ်ကွက်ရှိ ရေချမ်းပြင်ဘုတ်ဆိပ်နှင့်ကမ်းနားလမ်းတစ်လျှောက်လမ်းတွင်သိမ်းဆည်းဆောင်ရွက်ခဲ့ကြသည်။ 


ရသေ့တောင်မြို့၌ မိုခါ မုန်တိုင်းမှာအားအလွန်ပြင်းပြီးထိခိုက်ပျက်စီးမှုများခဲ့သဖြင့် တစ်မြို့နယ်လုံးနီးပါးထိခိုက်ပျက်စီးခဲ့ရာ ထိခိုက်ပျက်စီးသည့်အမှိုက်သရိုက်များအားမြို့နယ်စည်ပင်မှနေ့စဥ်လိုက်လံသိမ်းဆည်းခြင်း၊သတ်မှတ်နေရာ၌စွန့်ပစ်ခြင်း၊မီးရှို့ခြင်းများဆောင်ရွက်ခဲ့​ကြောင်းသိရှိရပါသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)