ကျောက်ဖြူမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားပြုလုပ်









MNP ၊ မေ  ၂၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် ပညာရေးမှူးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ကျောင်းသူများနှင့် အုပ်ထိန်းသူမိဘများ တက်ရောက်သည်။ 


အခမ်းအနားကို အထက(၁)ကျောင်းမှ အထက်တန်း ကျောင်းသား၊ကျောင်းသူလေးများက “မြန်မာ့ ကျောင်း”သီချင်းအား သီဆိုဖွင့်လှစ်ပေးပြီး အခြေခံပညာမူလတန်း၊ အစိုးရရပ်ကွက်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ပြည်ထောင်စုအင်အား” သီချင်းဖြင့် ကပြဖျော်ဖြေပေးသည်။ 


ထို့နောက် အခမ်းအနားအားဆက်လက်ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်က နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးသည် အလွန်အ‌ရေးပါသည့် ကဏ္ဍတစ်ခုတွင်ပါဝင်ပါကြောင်း၊ ပညာမြင့်မှ နိုင်ငံလည်းဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ပညာသင်ယူခွင့် ရရှိသည့် ခလေးငယ်များအားလုံး ပညာသင်ယူရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်မှ အခမဲ့ပညာရေးစနစ်ကို ကျင့်သုံးပြီး ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံနှင့် ပညာရေးစနစ်သစ်အတွက် သင်ထောက်ကူပစ္စည်းများကို အခမဲ့ဖြန့်ဝေပေးထားပါကြောင်း၊ အုပ်ထိန်းသူမိဘများအနေဖြင့် မိမိတို့ အခက်အခဲများကို ကျော်လွှားပြီး မိမိရင်သွေးငယ်များ ပညာတတ်မြောက်အောင် ဆောင်ရွက်ပေးရန်လိုအပ် ကြောင်း၊ သင်ကြားပြသပေးမည့် ဆရာ၊ဆရာများအနေဖြင့်လည်း အတွေ့အကြုံ၊ ဗဟုသုတနှင့် သင်ခန်းစာ များကို ကျွမ်းကျင်မှုရှိရန်လိုအပ်ပြီး စေတနာ၊ ဂရုနာ၊ ဝါသနာ နာသုံးနာအပြည့်ဖြင့် သင်ကြားပေးစေလိုပါ ကြောင်း အဖွင့်အမှာစကားပြောကြားသည်။  ဆက်လက်ပြီး ခရိုင်ပညာရေးမှူး ဒေါ်ညွန့်ညွန့်အေးမှ ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများမှ ကျောင်းသုံးစာအုပ်၊ ဗလာ စာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံနှင့် သင်ထောက်ကူပစ္စည်းများကို ကျောင်းသား၊ကျောင်းသူများအား ထောက်ပံ့ ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများမှ လက်ခံရယူကြပြီး ကျောက်ဖြူမြို့နယ်ပညာရေးမှူးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။


ကျောက်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၂၄၆ ကျောင်း၊ ဘုန်းတော်ကြီးပညာသင် ကျောင်း ၅ ကျောင်း၊ အလယ်တန်းလေ့ကျင့်ရေးကျောင်းတစ်ကျောင်း စုစုပေါင်း ၂၅၂ ကျောင်းရှိကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းအပ်နှံခဲ့သည့် ကျောင်းသား၊ ကျောင်းသူဦးရေ (၃၇၂၂၃)ဦးရှိပြီး၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းအပ်နှံကြမည့် မျှော်မှန်းကျောင်းသား၊ကျောင်းသူဦးရေ (၃၅၀၀၀) ကျော်ခန့်အထိ ရှိနိုင်မည်ဖြစ်ကြောင်းနှင့် အခြခံပညာကျောင်းများကို ဇွန်လ(၁)ရက်နေ့တွင် ကျန်းမာရေးလမ်းညွှန်ချက်များ နှင့်အညီ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)