ပေါင်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော မိုးစပါးသီးနှံ တောင်သူပညာပေးဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော မိုးစပါးသီးနှံ တောင်သူပညာပေးဆွေးနွေးပွဲကျင်းပ




MNP ၊ မေ  ၂၅

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင်စိုက်ပျိုးရေးဦးစီးဌာနမှကျင်းပပြုလုပ်သော မိုးစပါးသီးနှံတောင်သူပညာပေးဆွေးနွေးပွဲကျင်းပခြင်းကို  ယနေ့နံပိုင်းက ကမာဘီကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ စိုက်ပျိုးရေဦးစီးဌာနမှဒုတိယဦးစီးမှူး  ဒေါ်‌သန်းသန်း‌ဌေးမှ စပါးသီးနှံ တစ်ဧကအထွက်နှုန်းတိုးတက်မြင့်မားရေး၊နည်းမှန်၊လမ်းမှန်စိုက်ပျိုးကြရမှာဖြစ် ‌ကြောင်း၊လိုအပ်‌သောအထောက်အပံ့များကိုစိုက်ပျိုးရေးဦးစီးဌာနမှာလာရောက်မေးမြန်းနိုင်ကြောင်း၊ အမှာစကားပြောကြားခဲ့သည်။


ထို့နောက် သီးနှံကာကွယ်ရေးတာဝန်ခံများမှ စပါးသီးနှံတွင် ကျရောက်တတ်သော ပိုးမွှားရောဂါများအားကြိုတင်ကာကွယ်ခြင်းလုပ်ငန်းစဥ်များအားနှီးနှောဖလှယ်ဆွေးနွေးခဲ့ကြသည်။


အလားတူ  အဆိုပါဆွေးနွေးပွဲကို ကမာဘီကျေးရွာ၌လည်း  ကျင်းပရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများနှင့်       မိုးစပါးစိုက်တောင်သူများ အသိပညာပေးမျှဝေဆွေးနွေးခဲ့ကြပြီး ကမ္ဘာဘီကျေးရွာနှင့် ပန်းကုန်းကျေးရွာနှစ်ရွာတို့မှ တောင်သူစုစုပေါင်း (၆၅)ဦးခန့်အား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မိုးစပါးသီးနှံတောင်သူပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)