ပေါင်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၃ခုနှစ် လူထုဖြန့်မိုးရာသီ သစ်ပင်စိုက်ပျိုးရန် ပျိုးပင်​ပေါင်း ( ၂၅၀၀၀ ) ကျော်ပျိုးထောင်ထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၃ခုနှစ် လူထုဖြန့်မိုးရာသီ သစ်ပင်စိုက်ပျိုးရန် ပျိုးပင်​ပေါင်း ( ၂၅၀၀၀ ) ကျော်ပျိုးထောင်ထားရှိ






MNP ၊ မေ  ၂၅

မွန်ပြည်နယ်၊ပေါင်မြို့နယ်သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးအတွက် ၂၀၂၃ ခုနှစ် လူထုဖြန့်မိုးရာသီသစ်ပင်စိုက်ပျိုးရန်  မန်ဂျန်ရှား ၊ ကျွန်း ၊ ပျဥ်းကတိုး ၊  မဟော်ဂနီ ၊ ကံ့ကော် ၊ ခရေ ၊ စိန်ပန်း ၊ တရုတ်တယ်စသည့် ပျိုးပင်ပေါင်း ( ၂၅၀၀၀ ) ကျော်ပျိုးထောင် ထားရှိကြောင်း မြို့နယ်သစ် တောဦးစီးဌာနမြို့နယ်တာဝန်ခံတောအုပ်ဦးစိုးဝင်း ၏ပြောကြားချက်အရသိရသည်။ 


ပေါင်မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးဥယျာဥ်အတွင်း  မန်ဂျန်ရှား ( ၂၀၀၀၀ ) ၊ ကျွန်း (၁၅၀၀) ၊ 

ပျဉ်းကတိုး ( ၁၅၀၀ )  ၊ မဟော်ဂနီ ( ၁၅၀၀ ) ၊ ကံ့ကော် ( ၅၀ ) ၊ ခရေ ( ၂၀၀ )  ၊ စိန်ပန်း ( ၁၅၀ ) ၊ တရုတ်တယ်( ၁၀၀ )၊

စုစုပေါင်းပျိုးပင်ပေါင်း ( ၂၅၀၀၀) ကိုစိုက်ပျိုးပြုစုပျိုးထောင်ထားရှိပြီး ရာသီဥတု ပူပြင်းလာခြင်း ၊ မိုးခေါင်ခြင်းစသော သဘာဝဘေးဖြစ်စဉ်များကို သစ်ပင်စိုက်ပျိုးခြင်းဖြင့် ကာကွယ်သွားနိုင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် နှစ်စဉ်မိုးရာသီတွင် သစ်ပင်များတစ်နိုင်တစ်ပိုင်စိုက်ပျိုး ပြုစုထိန်းသိမ်းသွားစေလိုကြောင်း ပေါင်မြို့နယ်တာဝန်ခံတောအုပ်ဦးစိုးဝင်း ၏ပြောကြားချက်အရသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)