တောင်ကုတ်မြို့နယ်၌ ဆိုင်ကလုန်းမုန်တိုင်းဘေးရှောင်ပြည်သူများအား နေရပ်သို့ပြန်လည် ပို့ဆောင်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ ဆိုင်ကလုန်းမုန်တိုင်းဘေးရှောင်ပြည်သူများအား နေရပ်သို့ပြန်လည် ပို့ဆောင်ပေးလျက်ရှိ








MNP ၊ မေ  ၁၅

   ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်၌ မြို့ပေါ်ရှိ ဆိုင်ကလုန်းမုန်တိုင်း ဘေးရှောင်ယာယီစခန်းများတွင်လာရောက် ခိုလှုံကြသည့် ပြည်သူများအား ယနေ့နံနက်ပိုင်းမှစ၍ ၎င်းတို့၏ နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိကြောင်းသိရသည်။


     ထိုသို့ပို့ဆောင်ပေးရာတွင် ခရိုင်သဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ ဥက္ကဌ ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင်   နှင့်အဖွဲ့၀င်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့၀င်များ ၊ ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ တောင်ကုတ် တပ်နယ်မှ အရာရှိ ၊ စစ်သည်များ နှင့် ရဲတပ်ဖွဲ့၀င်များ က မြိို့ပေါ်ရှိယာယီခိုလှုံရာစခန်းများဖြစ် သည့် အာလိန်ငါးဆင့်ကျောင်းတိုက်၊ ဘုရားကြီး ကျောင်းတိုက် ၊ ဝိသုတာရာမကျောင်းတိုက် ၊ ဝိသုဒ္ဒါရုံကျောင်းတိုက် ၊ သဒ္ဓမ္မရောင်ရှိန်ကျောင်း တိုက် နှင့် အမ္ဗာရာမကျောင်းတိုက်များတွင်ယာယီခိုလှုံခဲ့ကြသည့် ငမောက်ချောင်းကျေးရွာ အုပ်စု ၊ အရှေ့ဘက်ကျေးရွာအုပ်စု ၊ ကုလားရောင်ကျေးရွာအုပ်စုနှင့်ဖောင်းခါးကျေးရွာ အုပ်စုများမှ ပြည်သူများအား ၎င်းတို့၏ နေရပ်များ သို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)