ကန်ကြီးထောင့်မြို့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း ကျောင်းဆောင်သစ်လွှဲပြောင်းအပ်နှံပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန်ကြီးထောင့်မြို့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း ကျောင်းဆောင်သစ်လွှဲပြောင်းအပ်နှံပွဲ အခမ်းအနားကျင်းပ







MNP ၊ မေ  ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည် (၁၁) နာရီ အချိန်တွင် ကန်ကြီးထောင့်မြို့နယ်၊ အမှတ် (၁) ရပ်ကွက် ရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။


ပထမဦးစွာ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်း ကျောင်းဆောင်သစ်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ နယ်စပ်နှင့်လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ လူမှုရေးရာဝန်ကြီးဦးမောင်မောင်သန်း၊ တိုင်းဒေသကြီးပညာရေးမှူး ဦးတင်လှိုင်၊ ရွှေဗိမာန်ဆောက်လုပ်ရေးကုမ္မဏီ မန်းနေးဂျင်းဒါရိုက်တာဦးကျော်စိုးတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ခဲ့ပြီးကမ္ဗည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာများ ပက်ဖျန်းကြ သည်။


ထို့နောက် ကျောင်းဆောင်သစ်အား ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက်ကျောင်းဆောင်ဆောက်လုပ်ရေးကုမ္မဏီ မှတာဝန်ရှိသူတစ်ဦးက ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့် စာရွတ်စာတမ်များအား တိုင်းဒေသကြီးညွှန်ကြားရေးမှူး (စီမံ) ဒေါက်တာကျော်စိုးနိုင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး မြတ်မော်တင်စွန်းဘုရားအတွက် အလှူငွေကျပ်(၁၀)သိန်းအား ကုမ္မဏီမှပေးအပ်လှူဒါန်းခဲ့ရာ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းက လက်ခံရယူခဲ့သည်။ ထို့နောက် မြို့နယ်ပညါရေးမှူးဒေါ်တင်မေသန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


အဆိုပါ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းမှာ အလျား ၉၆ ပေ၊ အနံ (၁၁၈) ပေရှိပြီးစာ သင်ခန်း(၆)ခန်းပါရှိ၍ ကျောင်းသားကျောင်းသူ (၂၄၀)ဦး စာပေသင်ကြားနိုင်မည်ဖြစ်သည်။ယခု ၂၀၂၃-၂၀၂၄ ပညါသင်နှစ်တွင်အခြေခံပညာအလယ်တန်းအဆင့် (Grade-9) အောင်မြင်ပြီးဖြစ်သော ကျောင်းသားကျောင်းသူများမှ လာရောက်၍ ကျောင်းအပ်နှံလျှက်ရှိရာ မေလ ၂၄ ရက်နေ့အထိ စုစုပေါင်း စိုက်ပျိုးရေးကျောင်းသား (၃၅) ဦး၊ မွေးမြူရေးကျောင်းသား (၉) ဦး လာရောက်အပ်နှံထားရှိပြီးဖြစ်ကြောင်း သိရသည်။


မဇင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)