ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် လူထုအခြေပြုခန်းမတွင် သွေးတိုးရောဂါအကြောင်း အသိပညာပေး Talk Show ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် လူထုအခြေပြုခန်းမတွင် သွေးတိုးရောဂါအကြောင်း အသိပညာပေး Talk Show ကျင်းပ


MNP ၊ မေ  ၂၅

ရန်ကုန်တိုင်း​ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က သွေးတိုးရောဂါအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်ခဲ့သည်။


အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူက ဆွေးနွေးရာတွင် ကျွမ်းကျင်ဆေးပညာရှင်များက သွေးတိုးရောဂါကို အသံတိတ်လူသတ်သမား (Silent Killer) လို့ တင်စားခေါ်ဝေါ်ကြကြောင်း၊ သွေးတိုးရောဂါ ရှိသူတွေ၏ သုံးပုံတစ်ပုံခန့်သည် မိမိမှာသွေးတိုးရောဂါရှိမှန်းမသိကြကြောင်း၊ သွေးတိုးရောဂါဆိုတာ လေဖြတ်ရောဂါ (Stroke) ဖြစ်စေတဲ့ နံပါတ်တစ် အကြောင်းအရင်းဖြစ်သလို နှလုံးရောဂါ (နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးကြောပိတ်ခြင်း၊ နှလုံးကြီးခြင်း) များ၏ အဓိကအကြောင်းအရင်း တစ်ခုဖြစ်ပါကြောင်းဆွေးနွေးခဲ့သည်။


ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာနှင့်ဒေါ်ဌေးဌေးတို့က သွေးတိုးရောဂါရဲ့ ရောဂါလက္ခဏာတွေကို ခံစားရလေ့မရှိပါကြောင်း၊ ခံစားရသူအချို့မှာတော့ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ မူးဝေခြင်း၊ အသက်ရှုမြန်လာခြင်း၊ အမြင်အာရုံ​ဝေဝါးလာခြင်းတို့ ဖြစ်ပွားတတ်ပါကြောင်း၊ နောက်ဆက်တွဲဆိုးကျိုးလက္ခဏာတွေကတော့ ရင်ဘတ်အောင့်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပိတ်ခြင်း၊ ပေါက်ခြင်း၊ နှလုံးညစ်အားနည်းခြင်း၊ မျက်နှာယောင်အမ်းလာခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ အမြင်ချို့ယွင်းလာခြင်း စသည့်ဆိုးကျိုးများ ဖြစ်ပွားလာနိုင်ပါကြောင်း၊ သွေးတိုးရောဂါကို ထိန်းသိပ်ဖို့အတွက် ကိုယ်အလေးချိန် ထိန်းသိမ်းပြီး အဝမလွန်အောင် နေထိုင်စားသောက်ပါ။ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။ အသီးအနှံ ဟင်းသီးဟင်းရွက် များများစားသုံးပေးပါ။ အငန်ဓာတ်ပါသော ငါးပိ၊ ငါးခြောက်၊ ဟင်းချိုမှုန့်များနှင့် အဆီကို အလွန်အမင်းစာသုံးခြင်းတို့မှ ရှောင်ကျဉ်ပါ။ အရက်နှင့် ဆေးလိပ်အလွန်အကျွံသောက်သုံးခြင်းမှ ရှောင်ကျဉ်ပါ။ သွေးတိုးရောဂါ ရှိနေပါက သွေးပေါင်ကို ပုံမှန်စနစ်တကျစစ်ဆေးပြီး ဆေးကုသမှုခံယူပေးပါ။ ထို့ကြောင့် မိမိမှာသွေးတိုးရောဂါရှိလာပြီဆိုရင် ဆောင်ရန်၊ ရှောင်ရန်များကို ဆင်ခြင်ပြီးနီးစပ်ရာ ကျွမ်းကျွင်ဆရာဝန်များ၏ လမ်းညွန်ချက်အတိုင်းပြုမူ နေထိုင်ကြရန်လိုအပ်ပါကြောင်း၊ သွေးတိုးရောဂါသည် ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်တာကြောင့် ကြိုတင်ကာကွယ်ခြင်း နည်းလမ်းများကို လိုက်နာကြရန် လိုအပ်ပါ​ကြောင်း ဆွေးနွေးခဲ့ပါသည်။


အေးမဉ္ဇူ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)