လူကာကူအတွက် ချဲလ်ဆီးရဲ့ ဆုံးဖြတ်ချက်ကို စာင့်မျှော်နေတယ်လို့ မာရော့တာ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူကာကူအတွက် ချဲလ်ဆီးရဲ့ ဆုံးဖြတ်ချက်ကို စာင့်မျှော်နေတယ်လို့ မာရော့တာ ပြောကြား



MNP - မေ  ၂၃


အင်တာမီလန်အသင်း စီအီးအို မာရော့တာက ချဲလ်ဆီးအသင်းကနေ တစ်ရာသီအငှားစာချုပ်ဖြင့် လာရောက်ကစားတဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး “လူကာကူက အင်တာမီလန်ကို ချစ်ပါတယ်၊ သူက ကျွန်တော်တို့နဲ့ ဆက်နေချင်တယ်။ သူက ဒီမှာ အရမ်းကောင်းတယ်။” လို့ ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး မာရော့တာက "ချဲလ်ဆီးနဲ့ ညှိနှိုင်းနေတာလား၊ သူဟာ ဇွန်လ 30 ရက်နေ့အထိ အငှားချထားမှာ ဖြစ်ပြီး ချဲလ်ဆီးရဲ့ အစီအစဉ်တွေကို မသိရသေးပါဘူး။ အဲဒါကို ကျွန်တော်တို့ စောင့်နေပါတယ်” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment