MNP ၊ မေ ၂၀
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မိုခါမုန်တိုင်းမှာအားအလွန်ပြင်းသဖြင့်ထိခိုက်ပျက်စီးမှုများခဲ့ပြီးပြန်လည်ထူထောင်ရေးအတွက်ဆောင်ရွက်ပေးလျှက်ရှိရာမြို့နယ်ကျန်းမာရေးဌာနမှကြီးမှူး၍( Rapid Responseteam) နယ်လှည့်ဆေးကုသရေးအဖွဲ့များဖြစ်ကြသော တပ်မတော်ဆေးအဖွဲ့ (၁)ဖွဲ့၊ရန်ကုန်တိုင်းဆေးအဖွဲ့(၂)ဖွဲ့၊MSFဆေးအဖွဲ့(၁)ဖွဲ့၊MHAA ဆေးအဖွဲ့(၁)ဖွဲ့၊MOH ဆေအဖွဲ့(၃)ဖွဲ့၊စုစုပေါင်း(၈)ဖွဲ့၊မှဒေသခံပြည်သူများအား(၁၄)နေရာခွဲ၍ (အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြသည်။
ရသေ့တောင်မြို့၌မေလ (၁၄) ရက်နေ့ က ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)လေပြင်းတိုက်ခတ်မှု ခံစား ခဲ့ရသောပြည်သူများအတွက် ဆေးကုသမှုအခက်အခဲမရှိစေရန် မြို့နယ်ကျန်းမာရေးဌာနမှကြီးမှူး၍ရောဂါခံ စားနေရသော ပြည်သူများ၊သက်ကြီးရွယ် အိုများ၊နာမကျန်းဖြစ်နေသောကလေးသူငယ်များစသော ပြည်သူများ လာရောက်၍ ဆေးကုသမှုခံယူကြရာ လိုအပ်သည့် ဆေးဝါးများနှင့် ဆေးကုသေပေးမှုများ(အခမဲ့)ဆက်လက်ဆောင်ရွက် ပေးလျှက်ရှိသည်။
မြို့နယ်ကျန်းမာရေးဌာန အနေနှင့်(အခမဲ့) ဆေးကုသေပေးမှုများ အပြင်ဝမ်းပျက်ဝမ်းရှောသွေးလွန်တုပ်ကွေး၊တစ်ကိုယ်ရည်သန့်ရှင်းရေး၊ရေကောင်းရေသန့်ရရှိရေး ကလိုရိန်းဆေးခတ်ပေးခြင်းနှင့်အမှိုက်ကိုစနစ်တကျစွန့်ပစ်ကြရန်စသည့်ကျန်းမာရေး ပညာပေးလုပ်ငန်းများကိုဆောင်ရွက်ပေးလှက်ရှိကြောင်းသတင်းရရှိပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment