သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်း များ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အထူးတာဝန်ဖြင့် စေလွှတ်သည့် တပ်မတော်အရာရှိကြီးများ သက်ဆိုင်ရာ မြို့နယ်များသို့ ရောက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်း များ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အထူးတာဝန်ဖြင့် စေလွှတ်သည့် တပ်မတော်အရာရှိကြီးများ သက်ဆိုင်ရာ မြို့နယ်များသို့ ရောက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိ












MNP ၊ မေ ၂၀

၂၀၂၃ ခုနှစ်၊ မေ ၁၄ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်း (Mocha) ဝင်ရောက်မှု ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့် ရခိုင်ပြည်နယ်တို့အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၄ မြို့နယ်တို့ကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများအဖြစ် ကြေညာခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အထူးတာဝန်ဖြင့် တပ်မတော်အရာရှိကြီးများ စေလွှတ်မည်ဖြစ်ကြောင်း ၁၈-၅-၂၀၂၃ ရက်နေ့ က ထုတ်ပြန်ခဲ့သည်။

သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်း များ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အထူးတာဝန်ဖြင့် စေလွှတ်သည့် တပ်မတော်အရာရှိကြီးများ သက်ဆိုင်ရာ မြို့နယ်များသို့ ရောက်ရှိ တာဝန်ထမ်းဆောင်နေကြပြီဖြစ်သည်။

သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများ၌ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများ ပူးပေါင်း၍  ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများ ပိုမို ထိရောက် ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများအနက်မှ အဓိကလိုအပ်လျက်ရှိသည့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၄ မြို့နယ်တို့သို့ တပ်မတော်အရာရှိကြီးတစ်ဦးစီကို အထူးတာဝန် ပေးအပ်းထားခြင်းဖြစ်သည်။

ခ်င်းပြည်နယ် (၄)မြို့နယ်တွင် ဟားခါးမြို့နယ် - ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ မတူပီမြို့နယ် - ဗိုလ်မှူးချုပ်ခင်မောင်အေး၊ ပလပ်ဝမြို့နယ် - ဗိုလ်မှူးချုပ် နေဝင်းအောင်၊ တီးတိန်မြို့နယ် - ဗိုလ်မှူးချုပ် ဝင်းကိုကို တို့ကို တာဝန်ပေးအပ်ထားသည်။ 

ရခိုင်ပြည်နယ် (၁၄)မြို့နယ်တွင် ကျောက်ဖြူမြို့နယ် - ဒုတိယဗိုလ်ချုပ်ကြီး လူအေး၊ ဘူးသီးတောင်မြို့နယ် - ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း၊ မြောက်ဦးမြို့နယ် - ဗိုလ်ချုပ် သောင်းထိုက်ရွှေ၊ သံတွဲမြို့နယ် - ဗိုလ်ချုပ်စိုးနိုင်ဦး၊ ရသေ့တောင်မြို့နယ် - ဗိုလ်ချုပ်အောင်မျိုးထွန်း၊ စစ်တွေမြို့နယ် - ဗိုလ်မှူးချုပ် အောင်ကျော်မိုး၊ ကျောက်တော်မြို့နယ် - ဗိုလ်မှူးချုပ် အောင်သူဦး၊ ပေါက်တောမြို့နယ် - ဗိုလ်မှူးချုပ် ဆန်နီအုန်း၊ မာန်အောင်မြို့နယ် - ဗိုလ်မှူးချုပ် ကျော်ကျော်ဦး၊ ရမ်းဗြဲမြို့နယ် - ဗိုလ်မှူးချုပ် ဇော်မင်းအေး၊ ပုဏ္ဏားကျွန်းမြို့နယ် - ဗိုလ်မှူးချုပ် ဝင်းမောင်၊ မင်းပြားမြို့နယ် - ဗိုလ်မှူးချုပ် ခင်ဇော်၊ မြေပုံမြို့နယ် - ဗိုလ်မှူးချုပ် ကျော်ကျော်စိုး၊ မောင်တောမြို့နယ် - ဗိုလ်မှူးချုပ် တင်ဆွေ တို့ကို အထူးတာဝန်ပေးအပ်ထားခြင်း ဖြစ်သည်။


အဆိုပါ အရာရှိကြီးများကို သက်ဆိုင်ရာမြို့နယ်များရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအပါအဝင် အခြားဌာနဆိုင်ရာများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များကို ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး အထူးတာဝန်တစ်ရပ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက တာဝန်ပေးအပ်ထားခြင်း ဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)